တောရိုင်း တိရိစ္ဆာန်များကို သတ်ဖြတ် ရောင်းဝယ်မှုများ မပြုရန် ပညာပေး

တောရိုင်း တိရိစ္ဆာန်များကို သတ်ဖြတ် ရောင်းဝယ်မှုများ မပြုရန် ပညာပေး
(ဓာတ်ပုံ - အောင်ကိုဦး/မဇ္ဈိမ)

မန္တလေး၊ ဇန်နဝါရီ ၂၅၊၂၀၂၀ ။       ။ တောကောင်လေးတို့အတွက် ရင်တွင်း စကားသံ ( VOCIES FOR WILDLIFE ) လူထု အသိပညာပေးပွဲကို ဇန်နဝါရီ ၂၅ ရက် ညနေ ၄ နာရီက မန္တလေးမြို့ ၂၆လမ်း ၆၆လမ်းနှင့်၆၇လမ်းကြား ကျုံးတောင်ဘက်တွင် ပြုလုပ်လျက်ရှိသည်။

အဆိုပါပွဲကို ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကာ တောရိုင်း တိရိစ္ဆာန်များအရေး ဆောင်းရွက်နေသည့် အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဖိုးတန် တောရိုင်း တိရိစ္ဆာန်များကို ကာကွယ်ရန်အတွက် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး ရွှေရောင် စက္ကူ ဖြင့် ပြုလုပ်ထားသည့် ကျား ၊ဆင် နှင့် သင်ခွေချပ် အရုပ် သုံးရုပ်ကို ပြသထားသည်။

တောရိုင်း တိရိစ္ဆာန်များကို သတ်ဖြတ်ပြီး ရောင်းဝယ်မှုများ မပြုလုပ်ကြရန်နှင့် စားသုံးမှုများ မပြုလုပ်ကြရန်အတွက်လည်း လာရောက်ကြည့်ရှု့သူများကို ပညာပေးမှုများ ပြုလုပ်လျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly