၂၀၂၄ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးက စင်ကာပူ၊ ဟောင်ကောင်နှင့် မလေးရှားတို့ကို ကျော်တက်သွားမည်

By The Business Standard
25 January 2020
၂၀၂၄ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးက စင်ကာပူ၊ ဟောင်ကောင်နှင့် မလေးရှားတို့ကို ကျော်တက်သွားမည်

ဇန်နဝါရီ ၂၅ ။           ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လာမည့် ဆယ်စုနှစ်အတွင်း ကမ္ဘာ့ ၂၆ နိုင်ငံမြောက် စီးပွားရေး အကြီးဆုံး နိုင်ငံဖြစ် လာရန် ရှိသည်ဟု Centre for Economics and Business Research (CEBR)မှ ထုတ်ပြန်သည့် အစီအရင် ခံစာ တစ်ရပ်အရ သိရသည်။

အဆိုပါ အစီအရင်ခံစာသည် ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းထားရာ၌ အံ့ဖွယ်မှတ်ချက်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သည် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး အကြီးဆုံး အဆင့် ၃၀ မြောက် နိုင်ငံဖြစ်ပြီး အဆင့် ၃၂ ၌ ရှိမည်ဖြစ် သော မလေးရှားနိုင်ငံကို ဖြတ်ကျော်သွားမည်ဟု ဆိုထားသည်။

လက်ရှိ ၂၀၂၀ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးသည် အဆင့် ၄၀ တွင် ရှိနေပြီး မလေးရှားနိုင်ငံက အဆင့် ၃၄ တွင် ရှိနေသည်။

၂၀၂၄ ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးသည် ဟောင်ကောင်(အဆင့် ၃၇)၊ စင်ကာပူ(အဆင့် ၃၈)၊ ဒိန်းမတ် (၄၀)နှင့် နော်ဝေ(၃၆) စသည့် အဆင့်လိုက် ရပ်တည်နေမည့် စီးပွားရေး အင်အားကြီးများကို ကျော်တက် သွားလိမ့်မည်ဟု CEBR မှ ထုတ်ပြန် သည့် အစီအရင်ခံစာ ဆိုသည်။

ဟောင်ကောင်၏ စီးပွားရေးသည် လက်ရှိတွင် အဆင့် ၃၅ မှာ ရှိပြီး စင်ကာပူက အဆင့် ၃၇၊ ဒိန်းမတ်က အဆင့် ၃၉ နှင့် နော်ဝေက အဆင့် ၃၀ တွင် ရှိနေသည်။

တစ်ချိန်တည်းတွင် အိန္ဒိယနိုင်ငံကို ခန့်မှန်းရာ၌ ၂၀၃၄ တွင် အိန္ဒိယသည် တရုတ်၏ နောက်၌ ကမ္ဘာ့တတိယ စီးပွားရေး အကြီးဆုံး နိုင်ငံဖြစ်လာမည်ဟု ခန့်မှန်းသည်။ တရုတ်သည် ကမ္ဘာ့စီးပွားရေးကို အုပ်စိုးပြီး အမေရိကန် က ဒုတိယနေရာသို့ ရောက်ရှိသွားမည်ဟုလည်း ခန့်မှန်းထာသည်။

လန်ဒန်အခြေစိုက် ပညာရှင်အဖွဲ့က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၆ ရက်က ထုတ်ဝေသော The World Economic League Table 2020 တွင် ကမ္ဘာ့ စီးပွားရေး အကြီးဆုံး နိုင်ငံများကို အဆင့် သတ်မှတ် ဖော်ပြထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly