တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၁ ဦးအထိ မြင့်တက် မြို့ ၁၄ မြို့ကို ပိတ်ဆို့ထား

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၁ ဦးအထိ မြင့်တက် မြို့ ၁၄ မြို့ကို ပိတ်ဆို့ထား
ဓာတ်ပုံ - AFP

ဝူဟန်၊ ဇန်နဝါရီ ၂၅ ။                      ။ တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် (2019-nCoV)  ကြောင့် သေဆုံးသူ ၄၁ ဦးအထိ ရှိသွားပြီဖြစ်ကာ ရောဂါကူးစက်ခံရသူပေါင်း ၁၃၀၀ နီးပါး ရှိကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၂၅ တွင်ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးစတင်တွေ့ရှိရာ လူဦးရေ ၁၁ သန်းနေထိုင်သည့် ဝူဟန်မြို့၌ တစ်နေ့တည်းမှာပင် နောက်ထပ် ၁၅ ဦးသေဆုံးကြောင်း ဟူပေကျန်းမာရေးကော်မရှင်က ဆိုသည်။

ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ နောက်ထပ် ၄၄၄ ဦးကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကာ လက်ရှိ စုစုပေါင်း ၁၂၈၇ ဦး ကူးစက်ခံနေရသည်ဟုဆိုသည်။ အဆိုပါဗိုင်းရပ်စ်ပိုးသည် တရုတ်ပြည်နယ်ရှိ ပြည်နယ် ၃၀၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ဒေသန္တရအုပ်ချုပ်ရေးဒေသများကို  ပျံ့နှံ့လျက်ရှိသည်။

တခြားနိုင်ငံများအထိပါ ပျံ့နှံ့နေသည့် အဆိုပါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကိုတားဆီးရန် ဟူပေပြည်နယ်ရှိ ဝူဟန်နှင့် အခြား  ၁၃ မြို့ကို အဝင်အထွက် ပိတ်ဆို့ထားသည်။

ယခင်ကမတွေ့ခဲ့ဖူးသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ၂၀၀၂-၂၀၀၃ ခုနှစ်က တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့တွင် လူရာပေါင်းများစွာကို အသက်ဆုံးရှုံးစေခဲ့သည့် ပြင်းထန်အဆုတ်ရောင်ရောဂါ (SARS) နှင့် အလားသဏ္ဍာန်တူသည့်အတွက်ကြောင့် တစ်ကမ္ဘာလုံးအတွက် စိုးရိမ်စရာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly