ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မြင့်တက်လာရာ တရုတ်မှာ မြို့ကိုးမြို့က လူ သန်း ၃၀ ကျော်ကို ပိတ်ဆို့ထား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မြင့်တက်လာရာ တရုတ်မှာ မြို့ကိုးမြို့က လူ သန်း ၃၀ ကျော်ကို ပိတ်ဆို့ထား

ဇန်နဝါရီ ၂၄  ။                       ။  ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ဖြစ်ပွားပျံ့နှံ့ပြီး သေဆုံးသူ ၂၆ ဦးအထိ ရှိလာ၍ တရုတ်နိုင်ငံသည် မကြုံစဖူး ရောဂါခြေချုပ်အဖြစ် မြို့ကိုးမြို့ကို အဝင်အထွက် ပိတ်ဆို့ထားပြီ ဖြစ်သည်။ထိုသို့ မြို့ကိုးမြို့ကို ပိတ်ဆို့ထားလိုက်ခြင်းကြောင့် လူပေါင်း သန်း ၃၀ ကျော်မက အပိတ်ခံထားရခြင်းဖြစ်ကာ စိုးရိမ်ကြောက်လန့်လျက် ရှိသည်ဟု ဆိုကြသည်။

အခြားသော နိုင်ငံများတွင် ယင်းရောဂါပိုး ကူးစက်မှု ဒါဇင်ဝက်မက ရှိကြောင်း အတည်ပြုနိုင်သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေကို ရပ်ဆိုင်းပစ် ခဲ့သည်။

တရုတ်နိုင်ငံတွင် ရောဂါခြေချုပ်အဖြစ် ပိတ်ဆို့ထားလိုက်ပြီဖြစ်သော ဧရိယာများမှ လူဦးရေသည် ပီရူးတစ်နိုင်ငံလုံးက လူဦးရေနှင့်ပင် ညီမျှသည်။ယခုကဲ့သို့ ရောဂါဆန်း ပျံ့နှံ့သည့် ကာလအတွင်း ကျရောက်နေသော လနှစ်သစ်ကူးပွဲတော်မှ ပွဲတော်ကျင်းပမှု အချို့ကို ဖျက်သိမ်းလိုက်ရသည်။ပေကျင်းမြို့ဟောင်းနှင့် ရှန်ဟိုင်းရှိ ဒစ္စနေးလန်းတို့ကိုလည်း ရောဂါပျံ့နှံ့မှုကို ဟန့်တားနိုင်ရေးအတွက် ယာယီပိတ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

ယခင်က မကြုံဖူးသည့် ယခု ဗိုင်းရပ်စ်သစ်သည် ၂၀၀၂ နှင့် ၂၀၀၃ ခုနှစ်အတွင်းက တရုတ်ပြည်မကြီး၌ လူရာပေါင်းများစွာ သေဆုံးခဲ့ရသော ပြင်းထန်အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်သော SARS ရောဂါပိုးနှင့် အလားသဏ္ဍာန်တူခြင်းကြောင့် စိုးရိမ်ဖွယ် အ‌နေအထား ဖြစ်ပေါ်လျက် ရှိနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required