မြိတ်ကျွန်းစုတွင် ပြင်သစ်နိုင်ငံသား တစ်ဦး ပျောက်ဆုံးနေသည့် သတင်းမှာ နောက်ပြောင်ခြင်း ဖြစ်သည်ဟုဆို

မြိတ်ကျွန်းစုတွင် ပြင်သစ်နိုင်ငံသား တစ်ဦး ပျောက်ဆုံးနေသည့် သတင်းမှာ နောက်ပြောင်ခြင်း ဖြစ်သည်ဟုဆို
Photo - AFP

မြိတ်၊ ဇန်နာဝါရီ (၂၄)။          ။ မြိတ်ကျွန်းစု အပန်းဖြေ ကျွန်းများသို့ သွားရောက် လည်ပတ်သည့် ပြင်သစ် နိုင်ငံသား တစ်ဦးမှာ ပျောက်ဆုံး နေကြောင်း သတင်းမှာသတင်း အမှားသာ ဖြစ်ပြီး၊ လူမှုကွန်ပေါ်တွင် နှောက်ပြောင် ရေးသားခြင်း ဖြစ်သည်ဟု တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီး တိုင်း တာဝန်ခံ ဦးညိုအေးထံမှ သိရ သည်။

အသက် ၂၆ နှစ်အရွယ်  ပြင်သစ် နိုင်ငံသား Mr. Croissant သည် ပြီးခဲ့သည့် ဇန်နာဝါရီလ ၁၈ ရက်နေ့က ကျွန်းခရီးစဉ် သွားရောက် လည်ပတ်ခဲ့စဉ် ကျွန်းပေါ်တွင် ပျောက်ဆုံး နေကြောင်း လူမှုကွန်ယက်စာမျက်နှှာတစ်ခုတွင် ရေးသား ထားခဲ့ သည်။

တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီး တိုင်း တာဝန်ခံ ဦးညိုအေးက“နိုင်ငံခြားသား တစ်ယောက် ပျောက်တယ် ဆိုတာ မဟုတ်ပါဘူး၊ မပျောက်ပါဘူး၊ အဲ့ဒါက သူတို့အချင်းချင် နှောက်ပြောင်ပြီး ပို့စ်တင် ထားတာ ဖြစ်တယ်၊ အဲ့ဒါကို တင်တဲ့ သူကို ပြန်ဖျက်ခိုင်း ထားပါတယ်”ဟု ပြောဆို သည်။

အဆိုပါ ပြင်သစ် နိုင်ငံသား သည်၊ မန္တလေးမှ အဖွဲ့နဲ့ မြိတ်ကျွန်းစုကို လာရောက် လည်ပတ်ခဲ့ပြီး၊ မြိတ်မြို့ကို ရောက်ရှိစဉ် Hotel Grand jade တွင် တည်ခိုခဲ့ကြောင်း၊ ယင်းနောက် ကျွန်းခရီးစဉ်ကို  Jade flower travel & tours နှင့် သွားရောက် လည်ပတ်ခဲ့ကြောင်း သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required