မေဂျာလိဂ်ကလပ် အယ်အေ ဂယ်လက်စီအသင်းဟာ ဝက်စ်ဟမ်းနဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဂျာဗီယာ ဟာနန်ဒက်ဇ်ကို ခေါ်ယူစာချုပ်ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။
အသက် ၃၁ နှစ်အရွယ် မက္ကဆီကိုကစားသမားဟာ နွေရာသီက ဝက်စ်ဟမ်းအသင်းကနေ ဆီဗီလားအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အသင်းမှာ ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရသူဖြစ်ပါတယ်။
စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ကြေညာခဲ့တဲ့ LA Times အရ ဟာနန်ဒက်ဇ်ဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ လုပ်ခလစာအမြင့်ဆုံးကစားသမားဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
သူဟာ ၂၀၁၉ နှစ်က တစ်နှစ်ကို ဒေါ်လာ ၇.၂ သန်း (ပေါင် ၅.၅)သန်း ရရှိခဲ့တဲ့ ဂယ်လက်စီတိုက်စစ်မှူးဟောင်း အီဗရာဟီမိုဗစ်ထက် လစာပိုများပါလိမ့်မယ်။
"ဒါဟာ မှန်ကန်တဲ့ အချိန်၊ မှန်ကန်တဲ့ အခွင့်အလမ်းပါပဲ။"လို့ ဟာနန်ဒက်ဇ်က ပြောပါတယ်။
အယ်အေ ဂယ်လက်စတီအသင်းရဲ့ အထွေထွေမန်နေဂျာ ဒန်းနစ်စ်ကလော့စ်က "သူဟာ မေဂျာလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်ကစားသမားထဲက တစ်ယောက်ဖြစ်နိုင်တယ်လို့ ကျနော်တို့ တွေးထင်ပါတယ်။
"ဂျာဗီယာဟာ ကမ္ဘာပေါ်က ထိပ်တန်းလိဂ်တွေမှာ တသမတ်တည်း ဂိုးတွေ သွင်းယူခဲ့ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း သူ့နိုင်ငံမှာ အအောင်မြင်ဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။"လို့ ပြောဆိုခဲ့ပါတယ်။
ဂယ်လက်စီအသင်းဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း Western Conference မှာ အဆင့် (၅) အထက်အမြင့်မှာ ရပ်တည်နေနိုင်ခဲ့ခြင်း မရှိဘဲ ၂၀၁၄ ခုနှစ်က အသင်းရဲ့ ၅ ကြိမ်မြောက် မေဂျာလိဂ်ဖလားကို နောက်ဆုံးဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
Ref; BBC