တရုတ် ဗိုင်းရပ်စ်ပိုး ကာကွယ်ရန် ပြည်ပခရီးသွားများကို မြောက်ကိုရီးယား ပိတ်ပင်တားမြစ်မည်

တရုတ် ဗိုင်းရပ်စ်ပိုး ကာကွယ်ရန် ပြည်ပခရီးသွားများကို မြောက်ကိုရီးယား ပိတ်ပင်တားမြစ်မည်

ဇန်နဝါရီ ၂၂ ။                           ။ တရုတ်တွင် SARS ရောဂါပိုးနှင့် ဆက်စပ်သည့် ဗိုင်းရပ်စ်ဆန်းတစ်မျိုး အလျင်အမြန် ပျံ့နှံ့ကူးစက်ဖြစ်ပွားနေချိန် ယင်းဗိုင်းရပ်စ်ပိုးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရန် မြောက်ကိုရီးယားက ယင်း၏နိုင်ငံထဲသို့  ပြည်ပခရီးသွား ဝင်ရောက်မှုအပေါ် တားမြစ်ပိတ်ပင်သွားတော့မည်ဟု သိရသည်။

အဆိုပါ ထူးဆန်းသည့် နမိုးနီးယား ဗိုင်းရပ်စ်ပိုးသည် တရုတ်တွင် ပျံ့နှံ့ဖြစ်ပေါ်နေပြီး လက်ရှိအချိန်ထိ လူပေါင်း ၄၀၀ ခန့် ကူးစက်ခံထားရပြီးဖြစ်ကာ သေဆုံးသူဦးရေသည်လည်း ကိုးဦးအထိ ရှိနေပြီ ဖြစ်သည်။

တရုတ် ဗိုင်းရပ်စ်ဆန်း ပျံ့နှံ့ကူးစက်မှုကိစ္စ WHO အရေးပေါ်အစည်းအဝေး ခေါ်မည်

ယခုအခါ ယင်းဗိုင်းရပ်စ်ပိုးရန် ကာကွယ်ရန် မြောက်ကိုရီးယားက ယင်းနိုင်ငံသို့ နိုင်ငံခြားခရီးသွားများဝင်ရောက်မှုကို ပိတ်ပင်သွားတော့မည်ဖြစ်ကြောင်း အဓိက ခရီးသွားကုမ္ပဏီတစ်ခုက ထုတ်ပြန်ပြောကြားလိုက်သည်။

တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ

ဝူဟန်မြို့တွင် ကနဦး စတင်ဖြစ်ပွားခဲ့သည့် ယင်း ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ ယခုအခါ စိုးရိမ်ပူပန်မှုများ မြင့်တက်နေလျက် ရှိသည်။

SARS ရောဂါပိုးနှင့် ဆက်နွယ်သည့် ရောဂါပိုးဆန်းတစ်မျိုးကြောင့် တရုတ်၌ ဒုတိယမြောက် လူတစ်ဦး သေဆုံးပြန်

အမေရိကန် အပါအဝင် နိုင်ငံအများအပြားတွင်လည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ပိုး ကြိုတင်ကာကွယ်ရန် လေဆိပ်များသို့ ရောက်လာသည့် ခရီးသွားများကို စစ်ဆေးမှုများ လုပ်ဆောင်နေပြီ ဖြစ်သည်။

ထူးဆန်း နမိုးနီးယားရောဂါ ကူးစက်မှု ဂျပန်တွင် ပထမဆုံး စတင် ဖြစ်ပွား

မြောက်ကိုရီးယားသို့ အများဆုံးလာရောက်သည့်ခရီးသွားများသည် တရုတ်ခရီးသွားများဖြစ်ပြီး ပေကျင်းနှင့် ပြုံယမ်းအကြား ဆက်ဆံရေး နွေးထွေးလာသည်နှင့်အမျှ ယမန်နှစ်က ယင်းနိုင်ငံသို့ တရုတ်ခရီးသွားဝင်ရောက်မှု တဟုန်ထိုး တိုးလာခဲ့သည်ဟု သိရသည်။

ထိုင်းတွင် SARS ရောဂါပိုး မိသားစုဝင် ရောဂါပိုးသစ်တစ်မျိုး ကူးစက်ဖြစ်ပွား

ယခုအခါ ဇန်နဝါရီ ၂၂ ရက်မှစ၍ မြောက်ကိုရီးယားက ယင်း၏ နယ်စပ်များကို ယာယီပိတ်သွားရန် ရှိနေပြီး နိုင်ငံခြားခရီးသွားအားလုံးကို ဝင်ရောက်ခွင့် ပိတ်ပင်သွားမည်ဖြစ်သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly