အိန္ဒိယနိုင်ငံ၏ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်နေသည့်စီမံကိန်းများအားလုံးမှာစီးပွားရေးအကျိုးအမြတ်မပါဟုမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးပြော

အိန္ဒိယနိုင်ငံ၏ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်နေသည့်စီမံကိန်းများအားလုံးမှာစီးပွားရေးအကျိုးအမြတ်မပါဟုမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးပြော

ဇန်နဝါရီလ ၂၂ရက်။           ။ အိန္ဒိယနိုင်ငံ၏ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်နေသည့် စီမံကိန်းများအားလုံးမှာပြည်သူများကောင်းကျိုးအတွက် အကူအညီပေးရေးစီမံကိန်းများသာဖြစ်ပြီး စီးပွားရေးအကျိုးအမြတ်မပါ ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးရှရီဆော်ရဘ် ကူးမားကပြောသည်။

ဇန်နဝါရီလ (၂၁) ရက်နေ့တွင် စစ်တွေမြို့၌ကျင်းပခဲ့သည့် နေရပ်စွန့်ခွာသူများအတွက် အိန္ဒိယနိုင်ငံအစိုးရ၏ ကူညီထောက်ပံ့သည့် ပစ္စည်းများအားရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားတွင် ပြော ကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးရှရီဆော်ရဘ် ကူးမား က “အိန္ဒိယနဲ့ ရခိုင်တို့ကြားရှိပြည်သူအချင်းချင်းဆက်ဆံရေးများ၊အိန္ဒိယနိုင်ငံအစိုးရရဲ့ရခိုင်ပြည်နယ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက်ဖြစ်နိုင်သမျှသော အကူအညီ များပေးအပ်ရန်ကတိကဝတ်ပြုပါတယ်။အထူးပြုပြောကြားချင်တာကတော့အိန္ဒိယနိုင်ငံရဲ့ရခိုင်ပြည် နယ်တွင်ဆောင်ရွက်နေတဲ့စီမံကိန်းများအားလုံးမှာပြည်သူများကောင်းကျိုးအတွက် အကူအညီပေးရေးစီမံကိန်းများ သာဖြစ်ပြီးတော့ စီးပွားရေးအကျိုးအမြတ်မပါ” ဟုပြောကြားခဲ့သည်။

ထိုအပြင် စီမံကိန်းများ၏ ပတ်ဝန်းကျင်လုံခြုံရေးကိုထိန်းသိမ်းပေးခြင်းသည်လည်းအလွန်ပင် အရေးကြီးကြောင်းသံအမတ်ကြီးမှ ထည့်သွင်းပြောကြားခဲ့သေးသည်။

အိန္ဒိယနိုင်ငံအစိုးရသည် ကုလားတန် ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းများ ဖြစ်သောရခိုင်ပြည်နယ်၊စစ်တွေမြို့နှင့်ချင်းပြည်နယ်၊ပလက်ဝမြို့တို့တွင် စစ်တွေဆိပ်ကမ်းနှင့်ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေးဆိပ်ကမ်းတို့အားတည်ဆောက်ပြီးစီးပြီဖြစ်ကာထိုစစ်တွေဆိပ်ကမ်းနှင့်ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဆိပ်ကမ်းတို့အတွက် အော်ပရေတာနှင့်စီမံထိန်း သိမ်းရေးဆောင်ရွက်မည့်သူ များအား ရွေးချယ် ထားပြီးဖြစ်သည့်အတွက် မကြာမီစတင်လည်ပတ်ဆောင်ရွက်တော့မည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သောပလက်ဝမှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည် နယ်တွင်ရှိသောဇိုရင်ပူသို့လည်းလမ်းဖောက်လုပ်လျှက်ရှိကာထိုလမ်းပြီးဆုံးသွားပါကမြန်မာနိုင်ငံ၊စစ်တွေ ဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ဆယ်သွယ်သွားလာနိုင်ပြီးရခိုင်ပြည်နယ်နှင့်အိန္ဒိယနိုင်ငံ၏အရှေ့မြောက်ဒေသတို့ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

ကုလားတန်ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း၏ စုစုပေါင်းကုန်ကျ စရိတ်မှာအမေရိကန်ဒေါ်လာ (၄၈၄)သန်းခန့်ဖြစ်ပြီးအိန္ဒိယနိုင်ငံအစိုးရ၏ နိုင်ငံခြားတိုင်းပြည်များတွင်ပေးအပ် သောအကူအညီပေး ရေးဆိုင်ရာစီမံကိန်းများတွင်အကြီးဆုံး ဖြစ်ကြောင်းသိရသည်။

နေရပ်စွန့်ခွာသူများအတွက်အမေရိကန်ဒေါ်လာ (၂၃၅၄၅၆) တန်ဖိုးရှိသည့်ဆန်၊ ဆန်ခေါက်ဆွဲ၊ Toor Dal, Chana Dal ပဲပုပ်ဆီ၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ နံနံပင်မှုန့်၊ ကူမင်းမှုန့်၊ ဆားနှင့် တာပေါ်လင်စများစသည့် ပစ္စည်း အမျိုးအစားများပါဝင်သည့် အထုပ်ပေါင်း (၂၀၀၀၀) ကိုရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွဲပြောင်းပေးခဲ့ကြောင်းသိရသည်။

နေရပ်စွန့်ခွာသွားရသူများအတွက် အသင့်နေထိုင်နိုင်သောအိမ်(၂၅၀) တည်ဆောက်ပြီးထိုအိမ်များအား ၂၀၁၉ခုနှစ် ဇူလိုင်လ (၉)ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required