တရုတ်တွင် လူကိုးဦး သေဆုံးသည့် ဗိုင်းရပ်စ်ရောဂါပိုးသစ်က အမေရိကန်တွင်ပါ ကူးစက်ဖြစ်ပွားလာ

တရုတ်တွင် လူကိုးဦး သေဆုံးသည့် ဗိုင်းရပ်စ်ရောဂါပိုးသစ်က အမေရိကန်တွင်ပါ ကူးစက်ဖြစ်ပွားလာ

ဇန်နဝါရီ ၂၂။           ။ တရုတ်နိုင်ငံတွင် လူကိုးဦး သေဆုံးပြီး ရာပေါင်းများစွာ နာမကျန်းဖြစ်ရသည့် ဗိုင်းရပ်စ်ပိုးသစ်တစ်မျိုး ပထမဆုံးကူးစက်ဖြစ်ပွားသည်ဟု အမေရိကန်နိုင်ငံက ဇန်နဝါရီ ၂၁ ရက်၌ ကြေညာသည်။

SARS ရောဂါပိုးကဲ့သို့သော အဆိုပါ ရောဂါပိုး ပြန်နှံ့ဖြစ်ပွားမှု တားဆီးနိုင်ရေး ကမ္ဘာ့နိုင်ငံများ ကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များ ချမှတ်မှုတွင် အမေရိကန်ပါ ပါဝင်လာခဲ့ရပြီဖြစ်သည်။

ဆီယက်တယ်က အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားပုံရသည့် ကိုရိုနာဗိုင်းရပ်စ်သစ်တစ်မျိုး ကူးစက်ဖြစ်ပွားသော်လည်း စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း ဗဟိုနှင့် ပြည်နယ်တာဝန်ရှိသူများအရ သိရသည်။

SARS ရောဂါပိုးနှင့် ဆက်နွယ်သည့် ရောဂါပိုးဆန်းတစ်မျိုးကြောင့် တရုတ်၌ ဒုတိယမြောက် လူတစ်ဦး သေဆုံးပြန်

“ကြိုတင်ကာကွယ်မှုတွေနဲ့အတူ ဒီ အမျိုးသားကို ဆေးရုံမှာ စောင့်ကြပ်ပေးနေပါတယ်။ သူဟာ ပြင်းပြင်းထန်ထန် ဖျားနာမကျန်း ဖြစ်တာမျိုး မရှိတာကြောင့် ရေတိုစောင့်ကြည့်ပြီးနောက်မှာ ဆေးရုံမှာပဲ ပြုစုကုသပေးနေတာ ဖြစ်ပါတယ်။”ဟု ဝါရှင်တန်ပြည်နယ် ကျန်းမာရေးတာဝန်ရှိသူ ခရစ္စစပတ်တာက ပြောသည်။

ထူးဆန်း နမိုးနီးယားရောဂါ ကူးစက်မှု ဂျပန်တွင် ပထမဆုံး စတင် ဖြစ်ပွား

“ဒီ ရောဂါပိုးက ပျံ့နှံ့နေတယ် အနေအထားမှာ ရှိတာပါ။ အမေရိကန်တင်မက တစ်ကမ္ဘာလုံးမှာ ဒီရောဂါပိုး ကူးစက်တဲ့ လူနာတွေ ထပ်တိုးလာနိုင်ပါတယ်။”ဟု ၎င်းက ဆိုသည်။

ထိုင်းတွင် SARS ရောဂါပိုး မိသားစုဝင် ရောဂါပိုးသစ်တစ်မျိုး ကူးစက်ဖြစ်ပွား

အဆိုပါ ပြင်းထန်အဆုတ်ရောင်ရောဂါပိုးဖြစ်သော SARS ရောဂါကဲ့သို့ ဗိုင်းရပ်စ်ပိုးသစ် ဖြစ်ပွားမှုကို တရုတ်နိုင်ငံ ဝူဟန်တွင် စတင်တွေ့ရှိခြင်း ဖြစ်ပြီး ထိုင်း၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများတွင်ပါ ကူးစက်ဖြစ်ပွားရာမှ ယခုအခါတွင် အမေရိကန်တွင် ယင်းရောဂါပိုးသစ်ကို ပထမဆုံး စတင်တွေ့ရှိခြင်းပဲ ဖြစ်သည်။
တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly