ဟွာဝေးဘဏ္ဍာရေးအရာရှိကို အမေရိကန်ဆီ တရားခံလွှဲအပ်မည့် အမှု ကနေဒါ စတင်ကြားနာ

ဟွာဝေးဘဏ္ဍာရေးအရာရှိကို အမေရိကန်ဆီ တရားခံလွှဲအပ်မည့် အမှု ကနေဒါ စတင်ကြားနာ

ဇန်နဝါရီ ၂၁   ။                     ။ တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီး ဟွာဝေးမှ အမှုဆောင်အရာရှိ မန်ဝန်ကျို့သည် ၎င်းအား အမေရိကန်သို့ တရားခံလွှဲပြောင်းမည့် အမှု စတင်ကြားနာမှုအတွက် ကနေဒါတရားရုံးသို့ ဇန်နဝါရီ ၂၀ ရက်၌ ရောက်ရှိလာခဲ့သည်။

ဟွာဝေးတည်ထောင်သူ ရန်ကျန်းဖေး၏ သမီးကြီးလည်း ဖြစ်ကာ ဟွာဝေး၏ ဘဏ္ဍာရေးအရာရှိချုပ်လည်း ဖြစ်သည့် မန်ဝန်ကျို့ကို အမေရိကန်က လိမ်လည်အတုပြုလုပ်မှုဖြင့် အလိုရှိနေခြင်းဖြစ်သည်။

မန်ဝန်ကျို့သည် ၂၀၁၈ ဒီဇင်ဘာလအတွင်းက ဟောင်ကောင်မှ မက္ကဆီကိုသို့ ခရီးစဉ်ထွက်ခွာစဉ် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ လေဆိပ်၌ ခရီးတစ်ထောက်နားစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကာ ၎င်းအား ဖမ်းဆီးမှုကြောင့် ကနေဒါနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေး တင်းမာစေခဲ့သည်။

ဗြိတိသျှ ကိုလံဘီယာတရားရုံးချုပ် ပြင်ပတွင် ‘မန်ဝန်ကျို့အား လွှတ်ပေး’၊ ‘ငါတို့ကို ထရမ့် အနိုင်ကျင့်နေတာတွေ ရပ်’ဆိုတဲ့ ပိုစတာတွေ ကိုင်စွဲပြီး ထောက်ခံဆန္ဒပြသူများကို မန်ဝန်ကျို့က မည်သည့် စကားမျှ ပြောဆိုခြင်းမရှိဘဲ ခပ်သုတ်သုတ်ပင် တရားရုံးထဲ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။

ဟွာဝေး၏ တကမ္ဘာလုံးကို ခြေဖြန့်လာခြင်းအား အမေရိကန်က ထိုးနှက်သည့် နှစ်နိုင်ငံကြားက နည်းပညာတိုက်ပွဲတွင် မန်ဝန်ကျို့အား ဖမ်းဆီးမှု ဗဟိုချက်သဖွယ် ဖြစ်နေသည်။

အမေရိကန်၏ ဆန်ရှင်အား ချိုးဖောက်သည်ဆိုကာ လိမ်လည်အတုလုပ်မှုဖြင့် မန်ဝန်ကျို့အား ဖမ်းဆီးခြင်းသည် လုပ်ဇာတ်ကြီးသာ ဖြစ်သည်ဟု ၎င်း၏ ရှေ့နေများက လျှောက်လဲချက် ပေးခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required