‘ပရီးမီးယားချန်ပီယံဆုကို ပရိသတ်တွေ အိပ်မက်မက်သင့်တယ်။ ကျနော်တို့ကလွဲလို့ အောင်ပွဲခံလို့ရပါတယ်။’ - ကလော့ပ်၊ ချန်ပီယံဆုအတွက် နောက်တစ်ဆင့်ကို အာရုံစိုက်ဖို့ တိုက်တွန်း

‘ပရီးမီးယားချန်ပီယံဆုကို ပရိသတ်တွေ အိပ်မက်မက်သင့်တယ်။ ကျနော်တို့ကလွဲလို့ အောင်ပွဲခံလို့ရပါတယ်။’ - ကလော့ပ်၊ ချန်ပီယံဆုအတွက် နောက်တစ်ဆင့်ကို အာရုံစိုက်ဖို့ တိုက်တွန်း

အမှတ်ပေးဇယားထိပ်ကနေ (၁၆)မှတ် ဖြတ်တောက်ခဲ့ပြီးနောက် ယာဂန်ကလော့ပ်ဟာ အာမခံချက် ဘာမှမပေးထားတဲ့တိုင် လီဗာပူးလ်ပရိသတ်တွေဟာ နှစ်ပေါင်း (၃၀) ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပထမဆုံး ပရီးမီးယားချန်ပီယံဆုကို အိပ်မက်မက်သင့်ပါတယ်လို့ ဂျာမန်နည်းပြကြီးက ဝန်ခံခဲ့ပါတယ်။

တနင်္ဂနွေနေ့က အန်ဖီးလ်မှာ ဗန်ဒိုက်နဲ့ ဆာလာတို့ဆီက အစောပိုင်းနဲ့ နောက်ကျ သွင်းဂိုးတွေနဲ့ မန်ချက်စတာယူနိုက်တက်ကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီး အောက်တိုဘာလက အိုးထရက်ဖို့ဒ်မှာ နှစ်သင်းတွေ့ဆုံခဲ့ပြီးနောက်ပိုင်း လီဗာပူးလ်တို့ လိဂ် (၁၃)ပွဲဆက် အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာ ဂိုးသမား အလီဆွန်ရဲ့ ဖန်တီးမှုကတေ ဆာလာက ဒီဂီယာကို ကျော်ဖြတ်ကာ ဂိုးသွင်းယူခဲ့ပြီးနောက်မှာတော့ လီဗာပူးလ်ပရိသတ်တွေဟာ ယခုရာသီ ပထမဆုံးအကြိမ်အဖြစ် "ငါတို့ လိဂ်ဖလားရတော့မယ် (we are going to win the league)" ဆိုစာသားပါ သံပြိုင်အပိုဒ်ကို ကြွေးကြော်သီဆိုခဲ့ကြပါတယ်။

ကလော့ပ်က သူ့ရဲ့ ကစားသမားတွေအပေါ် ဖိအားကိုသာ တိုးပွားစေမယ့် ဘယ်ထင်မြင်ချက်မျိုးမဆို ပယ်ချခဲ့ပေမယ့် ကြာသပတေးနေ့မှာ ဝုဗ်အသင်းနဲ့ လာမယ့် အဝေးကွင်းပွဲကို အာရုံစိုထားနေပြီးဖြစ်ပါတယ်။

"သူတို့ ဆိုလို့ ရပါတယ်။ အတိတ်မှာ အကြိမ်ပေါင်းများစွာ သူတို့ သီဆိုခဲ့တယ်လို့ ကျနော် ထင်ပါတယ်။"လို့ ကလော့ပ်က ပြောပါတယ်။

"သူတို့ ဒီလိုဆိုတာနဲ့ ပတ်သက်ပြီး ကျနော်မှာ ပြဿနာ မရှိပါဘူး။ ဒီလိုအချိန်မျိုးမှာ လူတိုင်း အောင်ပွဲခံသင့်တယ်လေ။ ဒါပေမယ့် ကျနော်တို့တွေကတော့ အဲဒီအထဲမှာ ပါဝင်မှာ မဟုတ်သေးပါဘူး။ ဘာမှ ပြောင်းလဲမသွားခဲ့ပါဘူး။ ကျနော်တို့ဟာ (၃)မှတ်ထပ်ပေါင်းနိုင်တာကလွဲလို့ တူညီတဲ့ အခြေအနေမှာပါပဲ။"

"ကျနော်တို့ ကစားနေချိန်မှာ ပရိသတ်တွေဟာ သူတို့အလုပ် လုပ်နေသမျှကာလပတ်လုံး အဲဒီအခိုက်အတန့်လေးမှာ သူတို့ဟာ အိပ်မက်မက်ခွင့်၊ သီဆိုခွင့် အပြည့်ရှိပြီးသားပါ။"

"ပရီးမီးယားလိဂ်က ပထမဦးစားပေးနဲ့ အရေးကြီးဆုံးပါ။ ကျနော်တို့ ကြာသပတေးနေ့မှာ ဝုဗ်နဲ့ ကစားမယ်။ ဒါက ကျနော်တို့ရဲ့ နောက်ထပ် ထူးခြားတဲ့စိန်ခေါ်မှုပါ။ တခြားအရာတစ်ခုကို စဉ်းစားဖို့ ကျနော့်ဦးနှောက်မှာ နေရာမရှိပါဘူး။"လို့ ကလော့ပ်က ပြောဆိုသွားပါတယ်။

လီဗာပူးလ်အသင်းဟာ အခုချိန်မှာ အနီးဆုံးစိတ်ခေါ်နိုင်သူ မန်ချက်စတာစီးတီးထက် ပွဲကျန်တစ်ပွဲအသာ လက်ထဲရှိနေပြီး မန်ယူအသင်းကိုတော့ ရမှတ် (၃၀)အထိ ဖြတ်ထားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required