တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ

တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ

ဇန်နဝါရီ ၂၀။           ။ တရုတ်နိုင်ငံတွင် SARS ရောဂါပိုးနှင့် ဆက်နွယ်သည့် နမိုးနီးယား ဗိုင်းရပ်စ်ပိုးသစ်တစ်မျိုးကြောင့် တတိယမြောက် လူနာတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပြီး ယခုအခါ ယင်းရောဂါပိုးသည် နိုင်ငံတစ်ဝန်း ကူးစက်ပျံ့နှံ့လာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ကနဦး စတင်ကူးစက်ဖြစ်ပွားခဲ့သော အဆိုပါ အဆုတ်ရောင် ရောဂါဗိုင်းရပ်စ်ဆန်းသည် ယခုအခါ မြို့တော် ပေကျင်းအပါအဝင် အခြား မြို့များဆီ ကူးစက်ပျံ့နှံ့နေပြီဖြစ်ကြောင်း အာဏာပိုင် များက ဇန်နဝါရီ ၂၀ ရက်တွင် ပြောသည်။

နှစ်ရက်တာအတွင်းမှာပင် နောက်ထပ် လူ ၁၃၉ ဦး ယင်းဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည်ကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် နိုင်ငံတွင် အဆိုပါ နမိုးနီးယား ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ဦးရေမှာ ယခုအခါ ၂၀၁ ဦးအထိ ရှိသွားပြီ ဖြစ်သည်။

ယခု ဖြစ်ပွားနေသော ကိုရိုနာ ဗိုင်းရပ်စ်ပိုး အမျိုးအစားသည် ယခင် ဖြစ်ပွားထားခဲ့ဖူးသော SARS ရောဂါပိုးနှင့် ဆက်နွယ်နေသည့်အတွက်ကြောင့်လည်း လက်ရှိအချိန်တွင် တရုတ်ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက် ရှိသည်။

ထိုင်းတွင် SARS ရောဂါပိုး မိသားစုဝင် ရောဂါပိုးသစ်တစ်မျိုး ကူးစက်ဖြစ်ပွား

ပြင်းထန် အဆုတ်ရောင် ရောဂါ (ဆားစ်-SARS) သည် လွန်ခဲ့သည့် ၂၀၀၂ ၊ ၂၀၀၃ ခုနှစ်တွင် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တွင် ကူးစက်ပျံ့နှံ့ခဲ့ပြီး လူပေါင်း ၆၅၀ နီးပါး သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly