မြန်မာဂရပ်ဖစ် ဒီဇိုင်ပြပွဲကို မန္တလေးတွင် ကျင်းပ

18 January 2020
မြန်မာဂရပ်ဖစ် ဒီဇိုင်ပြပွဲကို မန္တလေးတွင် ကျင်းပ

မြန်မာဂရပ်ဖစ် ဒီဇိုင်ပြပွဲကို မန္တလေးတွင် ကျင်းပ
*********************

မြန်မာဂရပ်ဖစ် ဒီဇိုင်ပြပွဲ မန္တလေးကို ဇန်နဝါရီလ ၁၇ရက်နေ့မှ စတင်၍ ၁၉ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ မန္တလေးမြို့ ၃၁လမ်းနှင့် ၈၄လမ်းထောင့်မှာရှိ ဓမ္မသာလ ခန်းမမှာ ပြုလုပ်လျှက်ရှိသည်။

ယခုပြပွဲကို မြန်မာနိုင်ငံ ဂရပ်ဖစ် ဒီဆိုင်းအသင်းမှ ကြီးမှူးပြီး အထက်မြန်မာပြည် ဂရပ်ဖစ်ဒီဆိုင်နာများက ပူးပေါင်းစီစဉ်ပြုလုပ်ခြင်းဖြစ်သည်။

မြန်မာဂရပ်ဖစ် ဒီဇိုင်းလောက ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်နှင့်အညီ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသည့် ဒီဇိုင်း နည်းပညာ ဗဟုသုတများကို ရှေ့လူနောက်လူ ချိတ်ဆက်ကာ ပညာလက်ဆင့်ကမ်းနိုင်ရေးနှင့် မန္တလေးလူငယ် ဂရပ်ဖစ်ဒီဇိုင်နာများ နိုင်ငံတကာနှင့်ချိတ်ဆက်ရင်ဘောင်တန်းရေးအတွက် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဂရပ်ဖစ်ဒီဇိုင်းအသင်(မန္တလေး)မှ ဒုဥက္ကဋ္ဌ ဦးတူးတူးကပြောသည်။

ယခုလိုပြပွဲ ပြုလုပ်ပေးသည့်အတွက် တစ်နိုင်ငံလုံးမှာရှိသော ဒီဇိုင်းပညာရှင်နှင့် တွေ့ဆုံခွင့်ရသည့်အတွက်လည်း အသိပညာနှင့်အတွေးအခေါ်အသစ်တွေရရှိကြောင်း ဂရပ်ဖစ် ဒီဇိုင်း ပညာရှင်တစ်ဦးဖြစ်သူ ကိုသက်လွင်ကဆိုသည်။

ယခုပြပွဲတွင် မန္တလေး ရန်ကုန်နှင့်ကိုရီယားနိုင်ငံတို့မှ ဂရပ်ဖစ်ဒီဇိုင်းပညာရှင်များရေးဆွဲထားသည့် ဂရပ်ဖစ်ဒီဇိုင်း ၁၀၁ကား ခင်းကျင်းပြသထားသည်။

ရိုက်ကူး/တည်းဖြတ် -အောင်ကိုဦး/မဇ္ဈိမ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly