ရတနာပုံစျေးမီးလောင်မှု မီးသတ်များအပါအဝင် ၈ဦးဒဏ်ရာရ

ရတနာပုံစျေးမီးလောင်မှု မီးသတ်များအပါအဝင် ၈ဦးဒဏ်ရာရ

မန္တလေး၊ ဇန်နဝါရီ ၁၈၊၂၀၂၀ ။         ။ မန္တလေးမြို့ ရတနာပုံစျေး ပထအထပ် Sky Walk တွင် ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ၈ ဦး ဒဏ်ရာများရရှိခဲ့၍ မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး ဒဏ်ရာရသူ လေး ဦးမှာ မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု မန္တလေးပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က ပြောသည်။

"ဆေးရုံရောက်လာတာ ရှစ် ဦးမှာ အရပ်သား လေး ဦးမီးသတ်က ၄ ဦးပါ။OPT မှာဘဲ ကုသမှုပြုပေးလိုက်ရတာရှိသလို မီးသတ်ကနှစ် ဦးကို ဆေးရုံမှာ ကုသမှုပေးနေပြီး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကတော့ ခွဲစိပ်မှုလုပ်ခဲ့ရတယ်" ဟု ၎င်းကပြောသည်။

လက်ရှိတွင် အဆိုပါစျေးအား ရှင်းလင်းဆောင်ရွက်နေပြီး ဆိုင်ခန်းရှင်များကို မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ပစ္စည်းများကို သယ်ဆောင်ခွင့်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly