၂၉ နှစ်အတွင်း တရုတ်စီးပွားရေး အနိမ့်ဆုံးနှုန်းထားအထိ ကျဆင်း

၂၉ နှစ်အတွင်း တရုတ်စီးပွားရေး အနိမ့်ဆုံးနှုန်းထားအထိ ကျဆင်း

တရုတ်နိုင်ငံတွင် ကလေးမွေးဖွားနှုန်း စံချိန်တင်အောင် ကျဆင်းနေသော်လည်း ပြီးခဲ့သည့်နှစ်က နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုသည် ၁၉၉၀ နောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအထိ ကျဆင်းခဲ့သည်။

ယခုကဲ့သို့ စီးပွားရေးဖွံ့ဖြိုးနှုန်း ၂၉ နှစ်အတွင်း အနှေးကွေးဆုံး ဖြစ်ရခြင်းသည် ထိခိုက်ရသည့် အမေရိကန်နှင့် ကုန်သွယ်ရေးစစ် ပြေငြိမ်းခဲ့သော်လည်း ပြည်တွင်း၌ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရကြောင်းကို မီးမောင်းထိုးပြလျက် ရှိသည်။

၂၀၁၉ ခုနှစ်၌ နိုင်ငံ၏ ဂျီဒီပီ ဖွံ့ဖြိုးနှုန်းသည် ၆ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့ရာ အကဲဖြတ်များ၏ မျှော်မှန်းချက်များအတွက် စိတ်ပျက်စရာ ဖြစ်ရသကဲ့သို့ စားသုံးသူအသုံးစရိတ် အားနည်းမှု၊ အလုပ်လက်မဲ့နှုန်း မြင့်တက်မှုနှင့် ဘဏ္ဍာရေးစနစ်ပြဿနာများစွာအောက် နိုင်ငံ၏ စီးပွားရေးက ဖိစီးခံနေရကြောင်း ထင်သာမြင်သာ ရှိစေသည်။

ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးဆုံးနိုင်ငံ၏ ၂၀၂၀ အလားအလာအတွက်လည်း မေးခွန်းထုတ်စရာလည်း ဖြစ်နေသည်။ ကုန်သွယ်ရေးအငြင်းပွားမှု၏ ဒဏ်ချက်များကို ခါးစည်းခံရမည်လား သို့မဟုတ် အချို့သော ပညာရှင်များ စိုးရိမ်သကဲ့သို့ ဘဏ်စနစ်၊ ကုန်ထုတ်လုပ်မှုနှင့် အိမ်ခြံမြေလုပ်ငန်းတို့မှ ပြဿနာများ လွှမ်းခြုံခံရမည်လားဆိုကာ ပူပန်စရာ ဖြစ်စေသည်။

“မကြာသေးခင်က စီးပွားရေး အလှုပ်မှာ တက်ရိပ်ရှိခဲ့ပေမယ့် ဒါဟာ ရှေ့ဆက် တိုးတက်မယ့် အလားအလာရယ်လို့တော့ ပြောဖို့ စောပါသေးတယ်။”ဟု Capital Economics မှ အကြီးတန်းတရုတ်စီးပွားရေးပညာရှင် ဂျူလီယန်အီဗန်က ပြောသည်။

“ဒီနှစ်ကတော့ မနှစ်ကနဲ့ ဆန့်ကျင်ဖက် ဖြစ်နိုင်ပါတယ်။ ပြည်ပစီးပွားရေးအခင်းအကျင်းက တိုးတက်ကောင်းမွန်နေတယ်။ ဒါပေမယ့် ပြည်တွင်းမှာ စီးပွားရေးစေ့ဆော်မှုတွေက ဖွံ့ဖြိုးမှု မြင့်မားအောင် လုံလောက်ရအောင် မရှိဘူး။ ကျွန်တော်တို့ အထူးစိုးရိမ်တာကတော့ အိမ်ခြံမြေကဏ္ဍာပဲ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly