ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုဟာ နည်းပြဘဝမှာ ‘အလွန်စောလွန်းသေးတယ်’လို့ ဆိုတဲ့ ဇာဗီ

ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုဟာ နည်းပြဘဝမှာ ‘အလွန်စောလွန်းသေးတယ်’လို့ ဆိုတဲ့ ဇာဗီ
Photo: EPA

ဇာဗီက ပြီးခဲ့တဲ့အပတ်က အသင်းဟောင်း ဘာစီလိုနာရဲ့ နည်းပြရာထူး ကမ်းလှမ်းမှုကို သူ့အနေနဲ့ ပယ်ချခဲ့ရတာဟာ သူ့ရဲ့ နည်းပြဘဝမှာ ဒီအခွင့်အရေးက "အလွန်စောလွန်းသေး"တာကြောင့်ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

စပိန်ကွင်းလယ်ကစားသမားဟောင်းဟာ မေလက အယ်လ်ဆတ်အသင်းနဲ့ ကစားသမားဘဝကို အဆုံးသတ်ပြီးနောက်ပိုင်း ဒီကာတာကလပ်ရဲ့ နည်းပြအဖြစ် ရှိနေခဲ့တာပါ။

သူက ဘာစီလိုနာအသင်း အကြီးအကဲဖြစ်တဲ့ အော်စကာဂါရုနဲ့ အားကစားဒါရိုက်တာ အဘီဒယ်လ်တို့ဟာ တနင်္လာနေ့က ဗယ်လ်ဗာဒီကို မထုတ်ပယ်ခင် နည်းပြရာထူးကို သူ့ကို ကမ်းလှမ်းခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဇာဗီက ငြင်းဆန်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းဟာ ဘက်တစ်နည်းပြဟောင်း ဆက်တီယန်ကို အစားထိုးခန့်အပ်လိုက်ပါတယ်။

"ဒီကမ်းလှမ်းမှုကို ကျနော် သဘောမတူညီခဲ့ပါဘူး။ အထူးသဖြင့် ဘာစီလိုနာကို နည်းပြဖိုဆိုတာ ကျနော့်အတွက် အလွန်စောနေသေးတာကြောင့်ပေါ့။"လို့ အသက် ၃၉ နှစ်အရွယ် ဇာဗီက ပြောပါတယ်။

"ဒါပေမယ့် အနာဂတ်မှာ ဘာစီလိုနာနည်းပြဖြစ်လာရမယ်ဆိုတဲ့ ကျနော့်အိပ်မက်က ဆက်လက်ရှင်သန်နေဆဲပါ။"

၁၉၉၈ ခုနှစ်က ၂၀၁၅ ခုနှစ်အထိ ဘာစီလိုနာအတွက် ပွဲပေါင်း (၇၅၀)ကျော် ကစားခဲ့တဲ့ ဇာဗီက သူ့အနေနဲ့ ဆက်တီယန်ကို "သဘောကျနှစ်သက်တယ်"လို့ ဆက်ပြောခဲ့ပါတယ်။

"သူရဲ့ လုပ်ဆောင်ကိုင်တွယ်ပုံကို ကျနော် နှစ်သက်ပါတယ်။ အသင်းနဲ့အတူ အောင်မြင်မှုရရှိဖို့ ကျနော် မျှော်လင့်မိပါတယ်။"လို့ သူက ပြောပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required