SARS ရောဂါပိုးနှင့် ဆက်နွယ်သည့် ရောဂါပိုးဆန်းတစ်မျိုးကြောင့် တရုတ်၌ ဒုတိယမြောက် လူတစ်ဦး သေဆုံးပြန်

SARS ရောဂါပိုးနှင့် ဆက်နွယ်သည့် ရောဂါပိုးဆန်းတစ်မျိုးကြောင့် တရုတ်၌ ဒုတိယမြောက် လူတစ်ဦး သေဆုံးပြန်

ဇန်နဝါရီ ၁၇ ။          ။ SARS ရောဂါပိုးနှင့် ဆက်နွယ်သော ရောဂါပိုးဆန်းတစ်မျိုးကြောင့် တရုတ်နိုင်ငံတွင် ဒုတိယမြောက် လူတစ်ဦး သေဆုံးပြန်ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၁၇ ရက်၌ ပြောသည်။

ထိုင်းနှင့် ဂျပန်နိုင်ငံတွင်ပါ လူဒါဇင်ချီကာ ကူးစက်ပြန့်နှံ့နေသည့် တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားသော ယင်းရောဂါပိုးဆန်းကြောင့် ဝူဟန်ဒေသတွင် အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး ဇန်နဝါရီ ၁၅ ရက်က သေဆုံးခြင်း ဖြစ်ကြောင်း ဌာနေအာဏာပိုင်များက ပြောသည်။

SARS ရောဂါကဲ့သို့သော ယင်းဗိုင်းရပ်ပိုးသည် တရုတ်နိုင်ငံ ဝူဟန်အရပ်မှ စတင်ဖြစ်ပွားပြန့်နှံ့ခြင်းဖြစ်သည်ဟု ယုံကြည်လျက် ရှိထားသည်။

ပြင်းထန်အဆုတ်ရောင် ရောဂါဖြစ်သည့် SARS ရောဂါကြောင့် ၂၀၀၂ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း တရုတ်ပြည်မကြီးတွင် လူပေါင်း ၃၄၉ ဦး သေဆုံးပြီး ဟောင်ကောင်၌ ၂၉၉ ဦး သေဆုံးခြင်းကြောင့် ယခု ရောဂါဗိုင်းရပ်စ်ပိုးဆန်း ကူးစက်ပြန့်နှံ့မှု၌ တပ်လှန့်သတိပေးချက်များ ထုတ်ပြန်ထားသည်။

ယင်း ရောဂါပိုးဆန်းကြောင့် ဖြစ်ပွားသော နမိုးနီးယားဖြစ်ပွားသူပေါင်း တရုတ်နိုင်ငံအတွင်း ၄၁ ဦးအထိ အနည်းဆုံး ရှိထားသည်။

ထိုသို့သော အခြေအနေကြောင့် ဟောင်ကောင်၌ ဆိုက်ရောက်ခရီးသည်များကို ကိုယ်အပူချိန်စစ်ဆေးခြင်းအပါအဝင် ရောဂါစစ်ဆေးသည့် လုပ်ငန်းစဉ်များကို ချမှတ်လုပ်ဆောင်လျက် ရှိနေသည်။

ဝူဟန်ကျန်းမာရေး ကော်မရှင်က ယခု ရောဂါပိုးဆန်း ကူးစက်သူများတွင် ၁၂ ဦးမှာ ပြန်လည်သက်သာ၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်သော်လည်း ငါးဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required