မြန်မာနိုင်ငံ၏ အကြီးဆုံး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ခမ်းနားစွာ ဖွင့်လှစ်မည်

15 January 2020
မြန်မာနိုင်ငံ၏ အကြီးဆုံး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ခမ်းနားစွာ ဖွင့်လှစ်မည်

မြန်မာနိုင်ငံ၏ အကြီးဆုံး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ခမ်းနားစွာ ဖွင့်လှစ်မည်
********************************************

နေပြည်တော် သပြေကုန်းအဝိုင်းတွင် ထားရှိမည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဖေဖေါ်ဝါရီ ၁၃က်နေ့တွင် နိုင်ငံတော်အဆင့် အကြီးအကဲများက ဖွင့်လှစ်ပေးမည်ဖြစ်ကာ ဖွင့်ပွဲကိုလည်း ခမ်းခမ်းနားနား ပြုလုပ်သွားရန် ရှိကြောင်း ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီထံက သိရသည်။

“ကျွန်တော်တို့ကတော့ နိုင်ငံတော် အကြီးအကဲတွေကို သမ္မတက စပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၊ ဝန်ကြီး ဌာနဆိုင်ရာ ဝန်ကြီးတွေ အကုန်လုံးက နေပြီးတော့ အောက်ခြေလူတန်းစားအထိ အကုန်လုံး ဖိတ်မှာပါ။ တက်ရောက်တာကတော့ နိုင်ငံတော်အကြီးအကဲတွေ သူတို့ ဘယ်သူ တက်ရောက်မယ်ဆိုတာတော့ ကျွန်တော်တို့ အတိအကျ မသိဘူး။ သို့သော်လည်း သူတို့ များသောအားဖြင့်ကတော့ တက်ရောက်ကြဖို့ ရှိပါတယ်” ဟု ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်ဆွေက မဇ္စျိမကို ပြောသည်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/65653
ရိုက်ကူး/တည်းဖြတ် - အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required