တရုတ်သမ္မတ၏ ခရီးစဉ်အတွင်း မြန်မာပြည်မြောက်ပိုင်းအရေး ဖြေရှင်းဖို့ နည်းလမ်းရှာတွေ့ရန် မျှော်လင့်ကြောင်း "ဝ" အဖွဲ့ ထုတ်ပြန်

တရုတ်သမ္မတ၏ ခရီးစဉ်အတွင်း မြန်မာပြည်မြောက်ပိုင်းအရေး ဖြေရှင်းဖို့ နည်းလမ်းရှာတွေ့ရန် မျှော်လင့်ကြောင်း "ဝ" အဖွဲ့ ထုတ်ပြန်
Photo: AFP

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ။            ။ တရုတ်သမ္မတ၏ ခရီးစဉ်အတွင်း မြန်မာပြည်မြောက်ပိုင်းမှ အခြေချတဲ့ လက်နတ်ကိုင်တွေနဲ့ အစိုးရတပ်တို့ကြားက ငြိမ်းချမ်းရေးပြဿနာအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာတွေ့ရန်မျှော်လင့်ကြောင်း "ဝ" အဖွဲ့ မှ ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

 မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးပြဿနာသည် မြန်မာ-တရုတ်နှစ်နိုင်ငံ၏ ဆက်ဆံရေး၊ ပြည်သူလူထုကြားဆက်ဆံရေး ဖွံ့ဖြိုးမှုတို့နှင့် သက်ဆိုင်နေကြောင်းလည်း "ဝ" ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP/UWSA) က တရုတ်သမ္မတကိုကြိုဆိုကြောင်း ထုတ်ပြန်စာတွင် ရေးသားခဲ့သည်။

ထို့ကြောင့်   "ဝ" ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP/UWSA) ပြန်ကြားရေးတာဝန်ရှိသူ ဦးညီရန်းကို ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းတွင် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း  ဖုန်းစက်ပိတ်ထားခဲ့သည်။

အဆိုပါထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေး၊ အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲနိုင်ရေးမှာ အရေးပါသည့် ကဏ္ဌတွင်ပါဝင်ပက်သက်နေသည့်သဘောလည်းဖြစ်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက“ ပြောရင်တော့သူက သမိုင်းအရကို ပါဝင်ပက်သက်မှုရှိခဲ့တာပဲလေ။ မြောက်ပိုင်းအဖွဲ့နဲ့က၊ နယ်စပ်ဒေသတည်ငြိမ်းရေး အိမ်နီးချင်း ကောင်း ပီသစွာနဲ့  အတူယှဉ်တွဲနေထိုင်ရေးဆိုလို့ရှိရင် အကောင်းဘက်ကမျှော်လင့်ချက်ရှိပါတယ်” ဟု ဆိုသည်။

တရုတ်နိုင်ငံ “ပိုးလမ်းမရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုနှင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း” အစရှိသည့် စီမံကိန်းတို့၏ စီးပွားရေး၊ ကုန်သွယ်ရေး၊ အခြေခံအေဆာက်အအုံဆောက်လုပ်ရေး တို့တွင် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဖွံ့ဖြိုးမှုအားနည်းသော  တိုင်းရင်းသားဒေသများတွင် စောလျင်စွာကောင်းကျိုးသက်ရောက်စေရန် ဆုတောင်းမေတ္တာပို့ကြောင်းလည်းလည်း UWSA က ရေးသားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying  ကထုတ်ပြန်ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required