‘မနေ့ကမှ ကျနော့်ရွာမှာ နွားကျောင်းနေခဲ့တာပါ။ ဒီနေ့တော့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို နည်းပြခွင့် ရလာခဲ့ပါပြီ။’ - ဆက်တီယန်

‘မနေ့ကမှ ကျနော့်ရွာမှာ နွားကျောင်းနေခဲ့တာပါ။ ဒီနေ့တော့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို နည်းပြခွင့် ရလာခဲ့ပါပြီ။’ - ဆက်တီယန်
Photos: EPA

ကီကေး ဆက်တီယန်က သူဟာ ဘာစီလိုနာအသင်း နည်းပြတစ်ယောက်ဖြစ်လာမယ်လို့ စိတ်ကူးယဉ်အိပ်မက်ထဲမှာတောင် တွေးကိုမတွေးခဲ့မိဘူးလို့ ပြောဆိုသွားပါတယ်။

ဘာစီလိုနာက ဗယ်လ်ဗာဒီကို ထုတ်ပယ်ခဲ့ပြီးနောက် တနင်္လာနေ့က အသက် ၆၁ နှစ်အရွယ် ဘက်တစ်အသင်းနည်းပြဟောင်း ဆက်တီယန်ဟာ ဘာကာနည်းပြအဖြစ် ခန့်အပ်ခဲ့ရတာဖြစ်ပါတယ်။

(၂)နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တဲ့ ဆက်တီယန်ဟာ မေလက ဘက်တစ်အသင်းကနေ မထွက်ခွာခင် အသင်းကို ၂၀၀၅ ခုနှစ်နောက်ပိုင်း လာလီဂါမှာ အမြင့်ဆုံးအဆင့်မှာ ရပ်တည်အောင် ဦးဆောင်ခဲ့ပြီး စပိန်ဘုရင့်ဖလား ဆီမီးဖိုနယ်အဆင့်ထိ ပို့ဆောင်ပေးခဲ့သူဖြစ်ပါတယ်။

"ဒီအသင်းကို ကိုင်တွယ်ဖို့ အခွင့်အရေးပေးတဲ့အတွက် ကျနော် ကျေးဇူးတင်တယ်လို့ ပြောပါရစေ။"လို့ စပိန်လူမျိုးနည်းပြ ဆက်တီယန်က သူ့ရဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဘာစီလိုနာနည်းပြဖြစ်လာမယ်ဆိုတာကို ကျနော့်စိတ်ကူးယဉ်အိပ်မက်ထဲမှတောင် စိတ်ကူးမယဉ်ရဲခဲ့ဘူး။ ဒီကလပ်အသင်းကို ကျေးဇူးတင်ပါတယ်။ စိန်ခေါ်မှုတွေနဲ့ ဒီပရောဂျက်တွေအတွက် ကျနော် စိတ်လှုပ်ရှားမိပါတယ်။"

သူက ဆက်လက်ပြီး "မနေ့ကမှ ကျနော့်ရွာမှာ နွားကျောင်းနေခဲ့တာပါ။ ဒီနေ့တော့ ကျနော်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို နည်းပြခွင့် ရလာခဲ့ပါပြီ။"လို့ ပြောဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly