တရုတ်နိုင်ငံတွင် ဘတ်စ်ကားတစ်စီး မြေကျွံကျ ၆ ဦးသေ ၁၀ ဦးထက်မနည်း ပျောက်ဆုံး

တရုတ်နိုင်ငံတွင် ဘတ်စ်ကားတစ်စီး မြေကျွံကျ ၆ ဦးသေ ၁၀ ဦးထက်မနည်း ပျောက်ဆုံး

ပေကျင်း၊ ဇန်နဝါရီ ၁၄။       ။ တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ရှီးနင်မြို့တွင် ဇန်နဝါရီ ၁၃ ရက်က လမ်းမ၌မြေကျွံကျမှုကြောင့် ခရီးသည်တင်ဘတ်စ်ကားတစ်စီး မြေအောက်ထဲ ထိုးကျခဲ့ကာ ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရသည်။  

အဆိုပါမြေကျွံမှုသည် ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲခန့်က ဆေးရုံရှေ့လမ်းမ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဘတ်စ်ကားမှာ မြေကြီးထဲကျွံကျပြီးနောက်  ပေါက်ကွဲမှုလည်း ထပ်မံဖြစ်ခဲ့ကာ ၁၆ ဦးကို ဆေးရုံသို့ပို့ဆောင်ထားရသည်။

ကနဦးစုံစမ်းစစ်ဆေးမှုများအရ မိုးရေကြောင့် လမ်းမအောက်တွင်မြှုပ်ထားသောရေပိုက်များပေါက်ကွဲရာမှ မြေကျွံခြင်း ဖြစ်နိုင်သည်ဟုဆိုသည်။

တရုတ်နိုင်ငံတွင် မြေကျွံတွင်းများကို တွေ့ရလေ့ရှိပြီး အစိုးရ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလျင်အမြန်လုပ်ဆောင်ချက်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို အပြစ်တင်ကြသည်။

ရှာဖွေကယ်ဆယ်ရေးများပြုလုပ်လျက်ရှိပြီး မြေကျွံရသည့်အကြောင်းရင်းကို စုံစမ်းလျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly