ဗယ်လ်ဗာဒီကို ထုတ်ပယ်ပြီး ဆက်တီယန်ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ ဘာစီလိုနာ

ဗယ်လ်ဗာဒီကို ထုတ်ပယ်ပြီး ဆက်တီယန်ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ ဘာစီလိုနာ
Photos: EPA

ဘာစီလိုနာအသင်းဟာ နည်းပြ ဗယ်လ်ဗာဒီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး သူ့ရဲ့နေရာမှာ ဘက်တစ်နည်းပြဟောင်း ဆက်တီယန်နဲ့ အစားထိုးခဲ့တယ်လို့ သိရပါတယ်။

အသက် (၅၅)နှစ်အရွယ်ရှိ ဗယ်လ်ဗာဒီဟာ ကလပ်အသင်းကို လာလီဂါချန်ပီယံ (၂)ကြိမ်ဆက် ရရှိဖို့ ကူညီပေးခဲ့ပြီး သူတို့ဟာ ယခုရာသီမှာ ရီးယဲလ်မက်ဒရစ်ကို ဂိုးကွာခြားချက်အသာနဲ့ ဇယားထိပ်ဆုံးက ဦးဆောင်နေပါတယ်။

ဒါပေမယ့် ကတ်တလန်အသင်းဟာ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဘာကာဟာ လာလီဂါအမှတ်ပေးဇယားထိပ်မှ ရပ်တည်နေတယ်ဆိုပေမယ့် သူ့တို့ရဲ့ နောက်ဆုံး (၅)ပွဲမှာ (၁)ပွဲသာ အနိုင်ရခဲ့ပါတယ်။

ဗယ်လ်ဗာဒီဟာ ၂၀၀၃ ခုနှစ်က လူးဝစ်ဗန်ဟားလ်နောက်ပိုင်း ရာသီအလယ်မှာ ထုတ်ပယ်ခံရတဲ့ ပထမဆုံးသော ဘာစီလိုနာနည်းပြဖြစ်ပါတယ်။

အသက် (၆၁)နှစ်အရွယ်ရှိ ဆက်တီယန်ဟာ မေလက ဘက်တစ်အသင်းကနေ မထွက်ခွာမီ အသင်းကို ၂၀၀၅ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်မှာ ရပ်တည်အောင် ဦးဆောင်ခဲ့ပြီး စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်ခဲ့ပါတယ်။

သူဟာ ဘာစီလိုနာအသင်းနဲ့ (၂)နှစ်ခွဲစာချုပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီး ဒီကနေ့ ညနေ ၈ နာရီ (မြန်မာစံတော်ချိန်)မှာ မီဒီယာတွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly