ဆန္ဒပြပြည်သူများနှင့်ပတ်သက်ပြီး အီရန်အစိုးရအား ထရမ့်သတိပေး

ဆန္ဒပြပြည်သူများနှင့်ပတ်သက်ပြီး အီရန်အစိုးရအား ထရမ့်သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃  ။                      ။ယူကရိန်းလေယာဉ် မှားယွင်းပစ်ချခံရ၍  ဆန္ဒပြနေသောပြည်သူများကို မသတ်ရန် ဒေါ်နယ်ထရမ့်က အီရန်အစိုးရအား တွစ်တာတွင် ရေးသားသတိပေးလိုက်သည်။အီရန်အစိုးရသည် အမေရိကန်နှင့် ပါးကိုက်နားကိုက် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပြီး စစ်ဖြစ်လုဆဲဆဲတွင် လေယာဉ်ပစ်ချခံရ၍ ဒေါသထွက်နေသောပြည်သူများ၏ ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

“အီရန်ခေါင်းဆောင်တွေ ဆန္ဒပြနေတဲ့ပြည်သူတွေကို မသတ်ပါနဲ့၊ ခင်ဗျားတို့ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးပြီး ထောင်သွင်းအကျဉ်းချခံကြရပြီးပြီ၊ ကမ္ဘာကြီးက အထူးသဖြင့် အမေရိကန်က ခင်ဗျားတို့ကို စောင့်ကြည့်နေတယ်၊ အင်တာနက်လိုင်းပြန်ဖွင့်ပေးပြီး သတင်းထောက်တွေကို လိုင်းသုံးခွင့်ပေးလိုက်ပါ၊ ကြီးမြတ်တဲ့ အီရန်ပြည်သူတွေကို သတ်တာတွေ ရပ်တန်းကရပ် “ ဟု တွစ်တာတွင် သတိပေးခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါက ဒေါ်နယ်ထရမ့်သည် အီရန်ခေါင်းဆောင်များနှင့် ဆွေးနွေးပြောဆိုရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း၊ ၎င်းတို့အနေနှင့် ဘာသတ်မှတ်ချက်မှမရှိဘဲ ခေါင်းချင်းဆိုင်ဆွေးနွေးချင်ကြောင်း အင်တာဗျူးတစ်ခုတွင် ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly