ဖိလစ်ပိုင်တွင် မီးတောင်ရှင်တစ်ခုမှ မီးခိုးပြာများမှုတ်ထုတ်

ဖိလစ်ပိုင်တွင် မီးတောင်ရှင်တစ်ခုမှ မီးခိုးပြာများမှုတ်ထုတ်

မနီလာ၊ ဇန်နဝါရီ ၁၃။       ။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တောင်ဘက် ၆၅ ကီလိုမီတာ (မိုင် ၄၀) အကွာရှိ တာလ်မီးတောင်သည် ဇန်နဝါရီ ၁၂ ရက်ကစပြီး မီးခိုးပြာများ မှုတ်ထုတ်လာသည့်အတွက် ထောင်နှင့်ချီသောဒေသခံများ ကို ပြောင်းရွှေ့ကြရန် အာဏာပိုင်များက သတိပေးထားသည်။

တာလ်မီးတောင်သည် ဖိလစ်ပိုင်ရှိ အလှုပ်ရှားဆုံး မီးတောင်များအနက် တစ်ခုဖြစ်ပြီး ၁၉၇၇ ခုနှစ်က နောက်ဆုံးပေါက်ကွဲခဲ့သည်။

ယခုပုံစံအတိုင်း မီးခိုးပြာများ ဆက်ထွက်နေပါက မီးတောင်ပေါက်ကွဲမှုသည် ရက်ပိုင်းအတွင်းမှ ရက်သတ္တပတ်အတွင်း ပေါက်ကွဲနိုင်မှုအလားအလာ များလာနိုင်ကြောင်း ဖိလစ်ပိုင်မီးတောင်နှင့်မြေငလျင် လေ့လာတိုင်းတာရေးအဖွဲ့က ဆိုသည်။

အစိုးရသည် ကြိုတင်ကာကွယ်သည့်အနေဖြင့် အဆိုပါဒေသတတစ်ဝိုက်ရှိ စာသင်ကျောင်းများ၊ အစိုးရရုံးများနှင့် ဖိလစ်ပိုင် stock Exchange များကိုလည်း ပိတ်ထားရသည်။

ဖိလစ်ပိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်း ယမန်နေ့က ပိတ်ထားခဲ့ပြီး ခရီးစဉ်များပြန်လည် စတင်နိုင်ရန် လေကြောင်းတာဝန်ရှိသူများက လုပ်ဆောင်နေကြောင်း၊ ခရီးစဉ် ၂၅၀ ခန့် ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required