ဂျပန်ဘီလျှံနာသူဌေးကြီး အာကာသခရီးအတူထွက်ရန် ရည်းစားရှာပုံတော် ဖွင့်

ဂျပန်ဘီလျှံနာသူဌေးကြီး အာကာသခရီးအတူထွက်ရန် ရည်းစားရှာပုံတော် ဖွင့်
ဘီလျှံနာသူဌေးကြီး ယူဆာကူမီဇာဝါ

ဇန်နဝါရီလ ၁၃။            ။ ဂျပန်နိုင်ငံက ဘီလျှံနာသူဌေးကြီး ယူဆာကူမီဇာဝါက လကမ္ဘာကို ပတ်မည့် အာကာသခရီးအတွက် သူနှင့်အတူ လက်တွဲလိုက်ပါမည့် ချစ်သူရည်းစား ရှာပုံတော်ဖွင့်လျက် ရှိသည်။

အသက် ၄၄ နှစ်ရှိ အွန်လိုင်းဖက်ရှင် လုပ်ငန်းရှင်ကြီး မီဇာဝါသည် အဆိုပါ အာကာသခရီးအတွက် အသက် ၂၀ ကျော်ဝန်းကျင် လူလွတ်ရည်းစားမိန်းကလေးကို အလိုရှိနေခြင်းဖြစ်သည်။

ထိုအာကာသခရီးစဉ်မှာလည်း AbemaTV တွင် ထုတ်လွှင့်ပြသသွားမည့် ခရီးစဉ်ဖြစ်သည်။

“တစ်ကိုယ်ရည် တစ်ယောက်တည်း အာကာသခရီးက ပျင်းစရာ ဖြစ်မှာပါ။ ဒီအတွက် ဖြေရှင်းစရာ ရှိမယ်လို့ ထင်ပါတယ်။ ချစ်စရာကောင်းတဲ့ အမျိုးသမီးတစ်ဦးတော့ အဖော်ပြုသွားချင်တယ်။”ဟု အာကာသသို့ နှင်မည့် ပျားရည် ဆမ်းခရီးအတွက် ရည်းစားရှာ ဝက်ဘ်ဆိုက်တွင် မီဇာဝါက ရေးသားသည်။

“ကျွန်တော် ဘဝလက်တွဲဖော် ရှာလိုတယ်။ ကျွန်တော်ရဲ့ အနာဂတ် လက်တွဲဖော်နဲ့အတူ လေထုပြင်ပ အာကာသနေပြီး ကျွန်တော်တို့ရဲ့ ချစ်မေတ္တာနဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ဟစ်ကြွေးအော်ဟစ်ချင်တယ်။”ဟု မီဇာဝါက ဆိုသည်။

မီဇာဝါအနေဖြင့် အီလွန်မတ်ပိုင် SpaceX ၏ ပထမဆုံး ပုဂ္ဂလိက အာကာသခရီးသည် ပို့ဆောင်ရေးတွင် ၂၀၂၃ ခုနှစ်၌ လကမ္ဘာကို ပတ်မည့် ခရီးစဉ်အတွက် လိုက်ပါရှိနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly