ထိုင်းတွင် အစိုးရဆန့်ကျင်သူများ စုဝေးပြီး အပြေးပြိုင်ပွဲကျင်းပ၊ လူသောင်းချီ ပါဝင်ဆင်နွှဲ

ထိုင်းတွင် အစိုးရဆန့်ကျင်သူများ စုဝေးပြီး အပြေးပြိုင်ပွဲကျင်းပ၊ လူသောင်းချီ ပါဝင်ဆင်နွှဲ

ဇန်နဝါရီ ၁၂။           ။ ထိုင်းနိုင်ငံတွင် အစိုးရအပေါ် ဆန့်ကျင်သူများ၏ အပြေးပြိုင်ပွဲတစ်ခုကို ဇန်နဝါရီ ၁၂ ရက်က ကျင်းပခဲ့ရာ လူ ၁၀,၀၀၀ ဝန်းကျင် ပါဝင်ဆင်နွှဲခဲ့ကြသည်ဟု သိရသည်။

ပါဝင်သူများသည် အာဏာရှင်အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်ခြင်း၊ Hunger Games ရုပ်ရှင်ထဲက  လက်ချောင်းသုံးချောင်ထောင် အလေးပြုခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။

ယင်းသည် ၂၀၁၄  အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင် ပေါ်ပေါက်လာသည့် အကြီးဆုံးသော နိုင်ငံရေးဆိုင်ရာ  အာခံမှုတစ်ခု ဖြစ်လာခဲ့သည်။ပါဝင်ယှဉ်ပြိုင်ကြသည့်  အပြေးသမားများသည် လက်ရှိအစိုးရကို ဆန့်ကျင် ကြောင်းသဘောထားဖော်ပြရန်အတွက် ယင်းနေ့ အာရုဏ်တက်ချိန်က ဘန်ကောက်မြို့ ပန်းခြံတစ်ခုတွင် လာရောက်စုဝေးခဲ့ကြခြင်းဖြစ်သည်။

ယခု ပြေးပွဲကို စစ်တပ်ဆန့်ကျင်ရေး နိုင်ငံရေးပါတီတစ်ဦး၏ ခေါင်းဆောင် ဘီလျံနာ အတိုက်အခံ တာနာထုံ ဂျွန်ရွှန်ရန်ကစ်က ဦးဆောင်ခဲ့သည်။

အတိုက်အခံ ခေါင်းဆောင် တာနာထုံသည် လက်ရှိတွင် ဥပဒေစွဲချက်များနှင့် ရင်ဆိုင်နေရသူဖြစ်ပြီး အမတ်အဖြစ်မှလည်း ဖယ်ရှားခံထားရသူဖြစ်သည်။

“ဒီ ပြေးပွဲကို ကြည့်မယ်ဆိုရင် ခုအစိုးရအပေါ် ပြည်သူတွေ ဘယ်လောက် ဒေါသထွက်နေလဲ၊ နောက်ပြီး ဘယ်လောက်စိတ်ပျက်နေသလဲ ဆိုတာ သိနိုင်ပါလိမ့်မယ်” ဟု တာနာထုံက ပြောသွားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly