ပဲလေ့စ်နဲ့ပွဲက အူဘာမီယန်းရဲ့ အနီကတ်ကို စောဒက မတက်ပေမယ့် (၃)ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိတာကြောင့် ‘အကြီးအကျယ် ထိုးနှက်မှု’တစ်ခုလို့ ဝန်ခံမှုပြုလုပ်သွားတဲ့ အာတီတာ

ပဲလေ့စ်နဲ့ပွဲက အူဘာမီယန်းရဲ့ အနီကတ်ကို စောဒက မတက်ပေမယ့် (၃)ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိတာကြောင့် ‘အကြီးအကျယ် ထိုးနှက်မှု’တစ်ခုလို့ ဝန်ခံမှုပြုလုပ်သွားတဲ့ အာတီတာ
Photos: AFP & EPA

နည်းပြ အာတီတာက ပဲလေ့စ်နဲ့ (၁-၁)ဂိုးစီ သရေခဲ့တဲ့ပွဲမှာ တိုက်ရိုက်အနီကတ်ပြခံခဲ့ရတဲ့ အူဘာမီယန်းရဲ့ တားဆီးဖြတ်ထုတ်မှုဟာ အလွန်ဆိုးရွားတယ်လို့ ဝန်ခံခဲ့ပြီး အသင်းခေါင်းဆောင်ဟာ (၃)ပွဲယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိတာကြောင့် ဒါဟာ ‘အကြီးအကျယ် ထိုးနှက်မှု’တစ်ခုလို့ ပြောဆိုခဲ့ပါတယ်။

အသင်းအတွက် ဂိုးအများဆုံးသွင်းပေးထားတဲ့ အူဘာမီယန်ဟာ အဆိုပါအနီကဒ်ပြစ်ဒဏ်ကြောင့် ချယ်လ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲအပါအဝင် ပရီးမီးယားလိဂ် (၃)ပွဲကို လွဲချော်မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိနေခဲ့တာပါ။

အူဘာမီယန်းဟာ ပွဲချိန်အစောပိုင်းမှာ လာကာဇက်တီရဲ့ ပေးပို့မှုကတစ်ဆင့် အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ပဲလေ့စ်က ဒုတိယပိုင်းမှာ တိုက်စစ်မှူး အာယူးရဲ့ ကန်သွင်းချက် လူးဝစ်ဇ်နဲ့ထိပြီး လမ်းကြေင်းပြောင်းဝင်သွားလို့ ချေပဂိုးရရှိခဲ့ပါတယ်။

တောင်ပံမှာ ပဲလေ့စ်ကွင်းလယ်လူ မက်စ်မေယာကို တားဆီးခဲ့တဲ့ အူဘာမီယန်းရဲ့ ပြစ်ဒဏ်ကို ဒိုင်က ကနဦး အဝါကတ်သာ ပြသခဲ့ပေမယ့်လည်း VAR ပြန်ကြည့်ပြီးနောက် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ မက်စ်မေယာမှာလည်း အူဘာမီယန်း ထုတ်ပယ်ခံရပြီး မကြာမီ တိုက်စစ်မှူးသစ် တိုဆန်နဲ့ လူစားလဲ့ခဲ့ရပါတယ်။

အာဆင်နယ်အနေနဲ့ အူဘာမီယန်းကို (၃)ပွဲအထိ ဆုံးရှုံးရဖွယ်ရှိနေပြီး အယူခံဝင်ပါကလည်း သူ့ရဲ့ဖျက်ထုတ်မှုက ထင်ရှားနေလို့ ပယ်ချခံရနိုင်တာလည်းဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက "ကျနော် အူဘာမီယန်းရဲ့ ဖြတ်ထုတ်မှုကို ကြည့်ခဲ့ပါတယ်။ ကြည့်ရတာ ဆိုးရွားတဲ့ပုံပဲ။ အူဘာအနေနဲ့ ဒီဖြတ်ထုတ်မှုကို ရည်ရွယ်ချက်ရှိရှိ မလုပ်ခဲ့ဘူးဆိုတာ သူ သိနေပါတယ်။ မက်စ်မေယာ ဒဏ်ရာမရရှိပါနဲ့လို့ မျှော်လင့်ပါတယ်။ ဒီအဖြစ်အပျက်အတွက် ကျနော်တို့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် သူတို့ (ဒိုင်တွေ)က ဆုံးဖြတ်ချက်ချခဲ့ပြီး ကျနော်တို့ ဒါကို လက်ခံရပါမယ်။"လို့ ပြောပါတယ်။

"သူဟာ အသင်းအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သူ့ရဲ့ ပွဲပယ်ပြစ်ဒဏ်က ကြီးမားတဲ့ ထိုးနှက်ကြီးတစ်ခုပေါ့။ အခုတော့ ကျနော်တို့ ပွဲစဉ်အချို့အတွက် သူ့ကို ဆုံးရှုံးသွားရဖွယ်ရှိနေပါတယ်။"

ပဲလေ့စ်နဲ့ပွဲအပြီး စနေနေ့ညက အူဘာမီယန်းဟာ သူ့ရဲ့ အပြုအမှုတွေအတွက် Instagram မှာ တောင်းပန်မှုပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly