အိန္ဒိယတွင် စည်းမျဉ်းချိုးဖောက်တည်ဆောက်ထားသည့် အထပ်မြင့်အဆောက်အအုံများကို ဖြိုချဖျက်ဆီး

အိန္ဒိယတွင် စည်းမျဉ်းချိုးဖောက်တည်ဆောက်ထားသည့် အထပ်မြင့်အဆောက်အအုံများကို ဖြိုချဖျက်ဆီး

ဇန်နဝါရီ ၁၂။            ။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းများကို ချိုးဖောက်တည်ဆောက်ထားသည့် အဆင့်မြင့် အထပ်မြင့်အဆောက်အအုံ နှစ်ခုကို အိန္ဒိယ အာဏာပိုင်များ ဇန်နဝါရီ ၁၁ ရက်က ဖြိုချ  ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတောင်ပိုင်းရှိ ဇိမ်ခံ အထပ်မြင့် အဆောက်အအုံကြီး နှစ်ခုကို အာဏာပိုင်တို့က ထိန်းချုပ်ဖောက်ခွဲပြီး ဖြိုချပစ်ခဲ့ခြင်းဖြစ်သည်။

ယင်းသည် နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်း ချိုးဖောက်သူ အဆောက်အအုံ တည်ဆောက်သူများအပေါ် အာဏာပိုင်တို့ဘက်က တင်းကျပ်စွာ ထိန်းသိမ်းကြပ်မတ်ဒဏ်ခတ်သည့် ရှားရှားပါးပါး ဖြစ်စဉ်တစ်ခု လည်း ဖြစ်သည်။

ကီရာလာပြည်နယ်ရှိ အထပ်ပေါင်း ၁၉ ထပ်ရှိ H20 Faith အဆောက်အအုံကို ပထမဆုံး ဖြိုချဖျက်ဆီးပြီး မိနစ်အနည်းငယ်အကြာတွင် Alfa Serene အမွှာညီနောင် တာဝါကို ဖြိုချပစ်ခဲ့သည်။

အဆိုပါ အထပ်မြင့် အဆောက်အအုံ နှစ်လုံးစလုံးသည် ချမှတ်ထားသည့် စည်းမျဉ်းများကို ချိုးဖောက်ပြီး တည်ဆောက်ထားကြောင်း စစ်ဆေးတွေ့ရှိထားခဲ့၍ ယခုကဲ့သို့ ဖြိုချပစ်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယတွင် ပြီးခဲ့သည့် နှစ်များအတွင်း ဆောက်လုပ်ရေးလုပ်ငန်းထဲ ဖွံ့ဖြိုးစည်ကားမှု ဖြစ်ပေါ်ခဲ့သော်လည်း အဆောက်အအုံတည်ဆောက်သူတို့သည် ဘေးကင်းရေးနှင့် အခြား လိုက်နာရမည့် စည်းမျဉ်းများကို မကြာခဏ ချိုးဖောက်လုပ်ဆောင်မှုများ ရှိခဲ့ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required