Enterprise India Show အိန္ဒိယကုန်စည်ပြပွဲကြီး ကျင်းပမည်

Enterprise India Show အိန္ဒိယကုန်စည်ပြပွဲကြီး ကျင်းပမည်

အောက်တိုဘာ ၂၆ ။       ။ 4th Enterprise India Show အိန္ဒိယကုန်စည်ပြပွဲကြီးကို အောက်တိုဘာ ၂၉ မှ နိုဝင်ဘာ ၁ ရက်နေ့အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ ကျင်းပမည်ဖြစ်သည်။

အိန္ဒိယကုမ္ပဏီပေါင်း ၆၀ ကျော်လာရောက်ပြသမည်ဖြစ်ပြီး လယ်ယာစက်ပစ္စည်းများ၊ လျှပ်စစ်၊ မော်တော်ကား၊ အခြေခံ အဆောက်အဦဆိုင်ရာများ၊ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ အဝတ်အထည်နှင့် အထည်အလိပ်လုပ်ငန်းတို့ ပါဝင်မည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Gautam Mukhopadhaya မှ အိန္ဒိယကုန်စည်ပြပွဲဆိုင်ရာ မီဒီယာ တွေ့ဆုံပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် အမှတ် (၅၄၅/၅၄၇) ကုန်သည်လမ်းရှိ ရန်ကုန်မြို့ မြန်မာနိုင်ငံအိန္ဒိယသံရုံး၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

အိန္ဒိယကုန်စည်ပြပွဲကြီး ဖြစ်မြောက်ရေးအတွက် အိန္ဒိယနိုင်ငံအစိုးရ၊ စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ အိန္ဒိယနိုင်ငံစက်မှုလုပ်ငန်းရှင် များအသင်းချုပ် Confederation of Indian Industry (CII)၊ မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးတို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required