တစ်လတာအကောင်းဆုံး ပရီးမီယားလိဂ်နည်းပြဆုကို ယခုရာသီအတွင်း (၄)ကြိမ်မြောက်အဖြစ် နည်းပြ ကလော့ပ်ရရှိ

တစ်လတာအကောင်းဆုံး ပရီးမီယားလိဂ်နည်းပြဆုကို ယခုရာသီအတွင်း (၄)ကြိမ်မြောက်အဖြစ် နည်းပြ ကလော့ပ်ရရှိ

လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွက် တစ်လတာအကောင်းဆုံး ပရီးမီးယားလိဂ်နည်းပြဆုကို ရယူပိုင်ဆိုင်သွားခဲ့တယ်လို့ သိရပါတယ်။

ကလော့ပ်ဟာ တစ်လတာအကောင်းဆုံးနည်းပြဆုကို (၄)ကြိမ်မြောက် ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ မန်ချက်စတာစီးတီးနည်းပြ ဂွာဒီယိုလာ (၄ ကြိမ်)နဲ့ တူညီခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒုတိယနေရာက လက်စတာကို (၄-၀) နဲ့ အနိုင်ရခဲ့တဲ့ပွဲအပါအဝင် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ပရီးမီးယားလိဂ် (၄)ပွဲစလုံး အနိုင်ရခဲ့တဲ့အပြင် ထိပ်ဆုံးကနေရမှတ် (၁၃)မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

"အမှန်တကယ် ကောင်းမွန်ပါတယ်။ ဒီအခိုက်အတန့်မှာ ကျနော် တွေးမိတဲ့ တစ်ခုတည်းသောအရာက ဒီဆုကို ဇန်နဝါရီမှာလည်း ရယူလိုပါတယ်။"လို့ ကလော့ပ်က ပြောပါတယ်။

"ပွဲတစ်ပွဲမတိုင်ခင်မှာ ကျနော် ဘာတွေများ ကြီးကြီးမားမား စိုးရိမ်ပူပန်ခဲ့လဲဆိုတာနဲ့ ဘယ်လိုမျိုး ဖြစ်ပျက်သွားမလဲဆိုတဲ့ ခံစားမှုမျိုး ကျနော်မှာ အမြဲရှိပါတယ်။ ဒီတော့ ဒါက ကျနော်တို့ကို တကယ်ပဲ အာရုံစိုက်စေပြီး ကောင်လေးတွေကလည်း ဒီအတိုင်းပဲ လုပ်ဆောင်ပါတယ်။"

"ကျနော်တို့တွေ ဒီရာသီအတွက် ဆက်လက်ပြီး တိုက်ပွဲဝင်သွားဖို့ အဆင်သင့်ပါပဲ။ ဒါက ကျနော်တို့မှာ ရှိနေတဲ့ ပြုလုပ်ရမယ့် အရာပါပဲ။"

ဒီဇင်ဘာလအတွက် တစ်လတာအကောင်းဆုံး ပရီမီးယားလိဂ်ကစားသမားဆုကိုလည်း လီဗာပူးလ်အသင်းမှ ညာနောက်ခံကစားသမား အားနိုးလ်က ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Ref; EPL

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly