ကင်ဂျုံအန်ထံ ထရမ့်က မွေးနေ့ဆုတောင်းလွှာ ပေးပို့

ကင်ဂျုံအန်ထံ ထရမ့်က မွေးနေ့ဆုတောင်းလွှာ ပေးပို့
Photo: EPA

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်ကိုရီးယားမှတစ်ဆင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်ထံ မွေးနေ့ဆုတောင်းလွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ လုပ်ဆောင်ချက်သည် ထရမ့်အနေဖြင့် မြောက်ကိုရီးယားနှင့် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး အေးစက်နေလင့်စကား ခေါင်းဆောင်နှစ်ဦးကြား ဆက်ဆံရေးကောင်း ရှိနေကြောင်းကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။

“မြောက်ကိုရီးယားဆီ ထရမ့်ရဲ့ ဆုတောင်းလွှာကို ကြာသပတေးနေ့က ပေးပို့ခဲ့တာ ဖြစ်ပါတယ်။”ဟု တောင်ကိုရီးယား သမ္မတရုံး အမျိုးသားလုံခြုံရေး ညွှန်ကြားရေးမှူး ချောင်အီယောင်က ပြောကြောင်း ယွန်ဟတ်သတင်းဌာနက ပြောပြသည်။

ချောင်အီယောင်အနေဖြင့် ဝါရှင်တန်သို့ သုံးရက်တာ ခရီးစဉ် ရောက်ရှိပြီးနောက် အင်ချွမ်းနိုင်ငံတကာလေဆိပ်တွင် သတင်းထောက်များအား ပြောခြင်းဖြစ်သည်။

ဝါရှင်တန်ခရီးစဉ်အတွင်း အမေရိကန်သမ္မတအား တွေ့ဆုံရာ၌ ထရမ့်က ၎င်း၏ ဇွန် ၁၄ ရက်က ၇၃ မွေးနေ့အတွက် ကင်ဂျုံးအန်သည် ဆုတောင်းလွှာပေးပို့ခဲ့ကြောင်း ပြောခဲ့သည်ဟု ချောင်အီယောင်က ဆိုသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအန်၏ မွေးနေ့နှင့် ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ခြင်း မရှိသော်လည်း ၎င်း၏ အဒေါ်ဖြစ်သူ ကိုယောင်ဆုက ဝါရှင်တန်ပို့စ်နှင့် အင်တာဗျူးတစ်ရပ်၌ ကင်ဂျုံးအန်၏ မွေးနေ့သည် ၁၉၈၄  ဇန်နဝါရီ ၈ ရက်နေ့ဖြစ်ကြောင်း ပြောထားဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required