ရက်ကန်း ဒီဇိုင်းနှင့်ပက်သက်ပြီး မူပိုင်ခွင့်မရှိခြင်းကြောင့် လုပ်ငန်းရှင်များဒီဇိုင်းသစ် ထုတ်ရန် စိတ်ပူ

ရက်ကန်း ဒီဇိုင်းနှင့်ပက်သက်ပြီး မူပိုင်ခွင့်မရှိခြင်းကြောင့် လုပ်ငန်းရှင်များဒီဇိုင်းသစ် ထုတ်ရန် စိတ်ပူ

မန္တလေး၊ ဇန်နဝါရီ ၁၀၊ ၂၀၂၀။           ။ ရက်ကန်းဒီဇိုင်းနှင့်ပက်သက်ပြီး မူပိုင်ခွင့်မရှိခြင်းကြောင့် အထည်ဒီဇိုင်းသစ်များထုတ်လုပ်ရန်ရက်ကန်း လုပ်ငန်းရှင်များကြောက်ရွံ့ နေကြကြောင်း ရက်ကန်းလုပ်ကိုင်သူများနှင့် တာဝန် ရှိသူများက ပြောသည်။

ရက်ကန်းကို မြတ်နိုးလို့ဝယ်ယူကြတယ်၊ တချို့ကြတော့ နည်းနည်းလေးပြောင်းပြီး ထုတ်လုပ်လိုက်ကြတယ်၊ အဲဒါပြီးတော့ စျေးနှုန်းကလည်းနည်းသွားတော့ လူဆိုတာက စျေးသက်သာတာကိုပဲ ဝယ်ယူခြင်ကြတယ်၊ အဲဒါ ကြောင့် ကိုယ်ထုတ်လုပ်ထားတဲ့ ရက်ကန်းကို ကူးယူခံရမလားဆိုတာကို ကြောက်ရွှံ့နေရတယ်``ဟု နေရက်ကန်းလုပ်ငန်းလုပ်ကိုင်နေသည့် ဆောင်းဒါရက်ကန်းကျောင်း ဒီပလို မာဘွဲ့ရ မခင်လပြည့်ဝန်းကပြောသည်။

ရက်ကန်းနှင့်ပက်သက်ပြီး မူပိုင်ခွင့်ပြဌာန်းနိုင်ခြင်းမရှိသဖြင့် တီထွင်သူများအနေဖြင့် လုပ်ကိုင်ရကျိုးမနပ်ဖြစ်နေသည်ဟု အသေးစားစက်မှုလက်မှုလုပ်ငန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင် လတ်ကပြောသည်။

ကျွန်တော်တို့နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုက အားနည်းသေးတဲ့အခါကြတော့ အင်အားကြီးနိုင်ငံတွေရဲ့ မူပိုင်ခွင့်နဲ့ ရှုပ်ထွေးပြီးတော့ အခုချိန်ထိ ပြဌာန်းနိုင်ခြင်းမရှိသေးပါဘူး၊ ရက်ကန်းလုပ်ငန်းရှင် တွေကြောက်ရွံ့နေတာ ကလည်းမူပိုင်ခွင့်ပါပဲ`` ဟု ၎င်းကပြောသည်။

အဆိုပါ အခြေအနေများကြောင့် မန္တလေးခရိုင်အတွင်း ရက်ကန်းလုပ်ငန်း လုပ်ကိုင်မှုအများဆုံး ဖြစ်သည့် အမရပူရ မြို့နယ်တွင် ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူအရေအတွက် သိသိသာသာ လျော့နည်းလာနေခြင်း ဖြစ်သည်ဟု ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required