အမေရိကန်က စင်ကာပူကို ဒေါ်လာ ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ တိုက်လေယာဉ်များ ရောင်းချရန် အတည်ပြု

အမေရိကန်က စင်ကာပူကို ဒေါ်လာ ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ တိုက်လေယာဉ်များ ရောင်းချရန် အတည်ပြု

ဇန်နဝါရီ ၁၀ ။                    ။ F-35 တိုက်လေယာဉ် ၁၂ စင်း စင်ကာပူထံသို့ ရောင်းချမှုကို အမေရိကန်အစိုးရဘက်က အတည်ပြုလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၁၀ ရက်တွင် ပြောသည်။ယခု အဆင့်မြင့် တိုက်လေယာဉ် ရောင်းချမှု တန်ဖိုးသည် ကန်ဒေါ်လာ ၂ ဒသမ ၇၅ ဘီလီယံမျှ ရှိမည်ဟု သိရသည်။

အဆိုပါ F-35  တိုက်လေယာဉ်များသည် လက်ရှိ တည်ဆောက်ထားပြီးသမျှထဲတွင် အဆင့်မြင့်ဆုံးသော စစ်လေယာဉ်များလည်း ဖြစ်သည်။နိုင်ငံ အရွယ်အစားသေးသော်လည်း စင်ကာပူသည်  ယင်းဒေသတွင်း စစ်လက်နက်အစုအဖွဲ့ပိုင်းတွင် အကောင်းဆုံး တပ်ဆင်အားဖြည့်ထားနိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး နိုင်ငံအသုံးစရိတ်ဘတ်ဂျက်တွင်လည်း ကာကွယ်ရေးအသုံးစရိတ်အတွက် များများစားစား ခွဲဝေသုံးစွဲလျက် ရှိသည်။

ယခုအခါ ယင်း စင်ကာပူနိုင်ငံသို့ တိုက်လေယာဉ်များ ရောင်းချမည့်ကိစ္စကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက  အတည်ပြုချက်ပေးလိုက်ပြီဖြစ်သည်။“ စင်ကာပူက မဟာဗျူဟာကျတဲ့ မိတ်ဆွေနိုင်ငံတစ်နိုင်ငံပါ၊ နောက်ပြီး အဓိကကျတဲ့ လုံခြုံရေး ပူးပေါင်းမှု ဆိုင်ရာ ပါ့တနာပါ၊ အာရှပစိဖိတ်ဒေသမှာ နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေး တိုးတက်မှုအတွက် အရေးကြီးတဲ့ အင်အားတစ်ခုပါ” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ လုံခြံုရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ထုတ်ပြန်သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required