မန်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေး မစိုးရိမ်ရ

မန်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေး မစိုးရိမ်ရ

မန္တလေး၊ ဇန်နဝါရီ ၈။        ။ ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှု ခံယူနေသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှလုံးခုန်ရပ်သွားပြီဟု လူမှုကွန်ယက်တွင် ပျံ့နှံ့နေသောသတင်းသည် မဟုတ်မှန်ကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက မဇ္စျိမကို ပြောသည်။

အဆိုပါ သတင်းမှာ ဇန်နဝါရီ ၈ရက်နေ့ (ယနေ့ ) နံနက်ပိုင်းက စတင်၍ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေခြင်းဖြစ်သည်။

"ဆရာ့ဇော်ကိစ္စက ဖွသတင်းပါ။ ကျွန်တော်ကွန်ဖမ်းလှမ်းလုပ်ပြီးပြီ။ ပုံမှန်အနေအထားအတိုင်းပဲ။ ခုဆေးရုံကနေဆင်းပြီးတော့ ငှားထားတဲ့တိုက်ခန်းမှာ ပြန်ရောက်နေပြီ" ဟု ဦးတင်ထွဋ်ဦးက ပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် ကျန်းမာရေး မကောင်းသဖြင့် ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှု ခံယူနေရာမှ ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့က မန္တလေးတွင် လူထုကြား ရုတ်တရက် ပြန်လည် ထွက်ပေါ်လာပြီးနောက် ဇန်နဝါရီလ ၂ ရက်နေ့က မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ကုသမှုခံယူခဲ့ရသည်။ ထို့နောက် ဇန်နဝါရီ ၅ ရက်နေ့က ထိုင်းနိုင်ငံသို့ပြန်လည် သွားရောက် ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly