ချင်းပြည်နယ် လိုင်လင်းပီမြို့တွင် NGO အဖွဲ့တစ်ဖွဲ့မှ လေဆိပ်ငယ် တည်ဆောက်ပေးနေမှု ၃၅ ရာခိုင်နှုန်းခန့် ပြီးစီးနေ

ချင်းပြည်နယ် လိုင်လင်းပီမြို့တွင် NGO အဖွဲ့တစ်ဖွဲ့မှ လေဆိပ်ငယ် တည်ဆောက်ပေးနေမှု ၃၅ ရာခိုင်နှုန်းခန့် ပြီးစီးနေ
photo - MAF

ဇန်နဝါရီလ ၈ ။            ။ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင် လိုင်လင်းပီမြို့ ရှိ လေယာဉ်ကွင်းငယ်တည်ဆောက်ရေး လုပ်ငန်းခွင် ကို ၂၀၁၈ နှစ်ဆန်းပိုင်းမှ စတင်ဆောင်လုပ်ရာတွင် ၃၅ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကြောင်းသိ ရသည်။

“၃၅ ရာခိုင်နှုန်းလောက်ပြီးပါပြီး။ ၃၅ ရာခိုင်နှုန်းလောက် မြေကတော့ရွှေ့ပြီးပါပြီး။ တစ်ခြားမြေလုပ်ငန်း က ၆၀ ရာခိုင်နှုန်းလောက်က ကျန်သေးတယ်လို့ထင်ပါတယ်။ ဒါတွေကို ၃လ ၄ လ အတွင်းမှပြီးသွားဖို့ ကို မျှော်လင့် ထား ပါတယ် “ ဟု လိုင်လင်းပီမြို့လေဆိပ် တည်ဆောက်ရေးတွင် ဦးဆောင်သူတစ်ဦး ဖြစ်သူ Dr.Sasa  က မဇ္စျိမသတင်းဌာန ကိုပြောသည်။

လေယာဉ်ကွင်း ကို ဘက်ဆုံသုံး လေယာဉ်ငယ်များ ဆင်းသက်နိုင်မည့် မီတာ ၈၀၀ အရှည်ရှိတဲ့ လေယာဉ်ပြေးလမ်းပါဝင်သည့် လေယာဉ်ကွင်း တည်ဆောက်ခြင်းလုပ်ငန်းများကို MAF (International) မှ စီးပွားရေးအမြတ် အစွန်းအရ ၊ စီးပွားရေးအတွက် အကျိုးအမြတ်မပါဘဲ တာဝန်ယူ တည်ဆောက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

“မဖွံ့ဖြိုးမတိုးတက်သေးတဲ့ ဒေသတွေကို ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်တဲ့လုပ်ငန်းစဉ်တွေမှ ကြားခံအဖွဲ့အစည်းတစ်ခု အနေနဲ့ ဒီလေယာဉ်ငယ်လေးတွေအသုံးပြုပြီးတော့ ဖွံ့ဖြိုး တိုးတက်လုပ်ငန်း လုပ်တဲ့လူတွေကို မြို့ကြီး တွေကနေ ဝေးလံခေါင်သီတဲ့ဒေသတွေကို ပို့ဆောင်ရေး လုပ်ငန်းကို ပေးနေတဲ့အဖွဲ့အစည်း နိုင်ငံတကာအဖွဲ့အစည်း ဖြစ်ပါတယ် “ ဟု MAF (Myanmar) မှ အထွေထွေမန်နေဂျာ ဖြစ်သူ ခေါင်ဒီးရမ် က ပြောသည်။

လိုင်လင်းပီ လေယာဉ်ကွင်းငယ် တည်ဆောက်ရေးလုပ်ငန်းများပြီးဆုံးပါက လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန သို့လွှဲပြောင်းပေးအပ်သွားမည်ြဖစ်ကာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်သာ အပေါ့စား လေယာဉ်ငယ်များအား ပျံသန်းပြေးဆွဲသွား မည် ဖြစ်ကြောင်းသိရသည်။

“ဆေးရုံမရောက်နိုင်၊ ဆေးမကုနိုင်လို့ သေနေတဲ့ကလေးတွေကို ကျွန်တော်တို့တွေ့နေရပါတယ်။ မမွေးနိုင်လို့သေတဲ့ ကလေးအမေတွေကိုလည်းတွေ့ရတယ်။ လေယာဉ်ကွင်းရှိမယ်ဆို အဲလေယာဉ်ကွင်းကနေ ရန်ကုန်ဆေးရုံ၊ မန္တလေးဆေးရုံ ကို အမြန်ဆုံးနဲ့ လူနာ ကို ပို့နိုင်ဖို့ ပထမဆုံး ရည်ရွယ်ပါတယ်။ ဒါကြောင့် လေယာဉ်ကွင်းဆိုတာ ရှိခဲ့တယ်ဆိုရင် မိနစ်ကိုးဆယ်နဲ့ ရန်ကုန်ဆေးရုံ ၊ မိနစ် ခြောက်ဆယ် နဲ့မန္တလေး ဆေးရုံ ကို ပို့နိုင်မယ် လူ့အသက် ကို များများကယ်တင်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  စိတ်ကူးပြီး အကောက်ထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ် “ ဟု Dr.Sasa က ဆက်လက်ပြောဆိုသည်။

အမေရိကန်ဒေါ်လာ (၂.၂)သန်း ခန့်မှန်းကုန်ကျမည့် ယင်းလေယာဉ်ကွင်းငယ် တည်ဆောက်ရေးကို ၂၀၁၇ခုနှစ် ဇူလိုင်လတွင် လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုချက်ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် သြဂုတ် လတွင် လေယာဉ်ကွင်း ဆောက်လုပ်ရေးနှင့် ကြီးကြပ်ရေးအတွက် စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ၏ လမ်းညွှန်မှုဖြင့် MAF (Myanmar) နှင့် ကျန်းမာခြင်းနှင့်မျှော်လင့်ြခင်း (မြန်မာ) အဖွဲ့ တို့က အကောင် ထည်ဖော်ဆောင်ရွက်နေခြင်းြဖစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly