အီရတ်ရှိ အမေရိကန်စစ်အခြေစိုက် စခန်းများကို အီရန်က ဒုံးလက်နက် ဒါဇင်ကျော်ဖြင့် တိုက်ခိုက်

အီရတ်ရှိ အမေရိကန်စစ်အခြေစိုက် စခန်းများကို အီရန်က ဒုံးလက်နက် ဒါဇင်ကျော်ဖြင့် တိုက်ခိုက်

ဇန်နဝါရီ ၈။             ။ အီရန်သည် ယနေ့ (ဇန်နဝါရီ ၈) မနက် အစောပိုင်းက အီရတ်နိုင်ငံ Irbil နှင့် Al Asad ရှိ အမေရိကန် စစ်အခြေစိုက်စခန်း အနည်းဆုံး နှစ်ခုအား ဒုံးလက်နက် ဒါဇင်ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုသည် အီရန်ဗိုလ်ချုပ်ကြီး ဆိုလေမာနီ၏ စျာပနအပြီး နာရီပိုင်းအကြာတွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် လက်ချက်ဖြင့် သေဆုံးသွားသည့် ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီအတွက် လက်စားချေသည့်အနေဖြင့် ပြန်လည် တိုက်ခိုက်ခြင်းဖြစ်ကြောင်း အီရန်အစိုးရပိုင် ရုပ်မြင်သံကြားမှ ထုတ်ပြန် ကြေညာခဲ့သည်။

အီရန်ကို ဆန့်ကျင်ရန်လိုသော လုပ်ရပ်များကို စတင်လုပ်ဆောင်သည့် မည်သည့်ပိုင်နက်ကိုမဆို  ပစ်မှတ်ထား တိုက်ခိုက် သွားမည်ဟု အကြမ်းဖက်တပ်ဖွဲ့များကို စစ်အခြေစိုက်စခန်းချထားသည့် အမေရိကန်နှင့် မဟာမိတ်အဖွဲ့ များအား သတိပေး လိုက်ကြောင်း  အီရန်နိုင်ငံပိုင်သတင်းဌာက ထုတ်ပြန်လိုက်သည်။သေဆုံးသူ ရှိ/မရှိကိုမူ ပင်တဂွန်ဌာနမှ မထုတ်ပြန်သေးပေ။

ဒေါ်နယ်ထရမ့်မှ အခြေအနေကို အသေအချာ စောင့်ကြည့်နေပြီး နိုင်ငံ့လုံခြုံရေးအဖွဲ့များနှင့် ဆွေးနွေး တိုင်ပင်မှုများ လုပ်ဆောင်နေကြောင်း  အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Stephanie Grisham က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required