ပြည်တွင်း ချာရတီပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲ

ပြည်တွင်း ချာရတီပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲ

ဇန်နဝါရီလ ၅ ရက် ။        ။ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ၃ကြိမ်မြောက် ပြည်တွင်းပြိုင်ပွဲတစ်ခုဖြစ်သည့် ချာရတီပြိုင်ပွဲ တွင် ၃ကြိမ်မြောက်ဗိုလ်စွဲနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်း၏ ၃ကြိမ်မြောက်ချန်ပီယံ စံချိန်ကို အမီလိုက်နိုင်ခဲ့သည်။

ပထမပိုင်းစတင်ယှဉ်ပြိုင်ချိန်တွင် နှစ်သင်းလုံး ဖွင့်ကစားခဲ့ပြီး နှစ်ဖက်အသင်းနည်းပြများမှ အသင်း၏ အဓိကကစားသမားများဖြင့် ယှဉ်ပြိုင်စေခဲ့ကာ ဂိုးပေါက်ချိန်းခြောက်မှုများနှင့် ဂိုးပေါက်မတည့်မူများကြောင့် ပထမပိုင်း ပြီးဆုံးချိန်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီ ဂိုးမရှိ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း ဆက်လက်ယှဉ်ပြိုင်ကစားရတာတွင် ရှမ်းယူနိုက်အသင်းမှ အခွင့်ရေးကို ပိုင်နိုင်စွာ အသုံးချနိုင်ခဲ့တာကြောင့် ပွဲကစားချိန် ၅၇ မိနစ် အရောက်တွင် ရှေ့တန်းကစားသမား ကိတ် မှ အဖွင့်ဂိုးစတင်သွင်းယူနိုင်ခဲ့သည်။

ဆက်လက်ယှဉ်ပြိုင်ကစားရတာတွင် ပွဲကစားချိန် ၇၄ မိနစ်အရောက်တွင် နောက်ခံကစားသမား ရဲမင်းသူက သွင်းယူနိုင်ခဲ့ကာ ရန်ကုန်ယူနိုက်အသင်းအနေဖြင့် စပေးဘောလုံးမှတစ်ဆင့် ပွဲကစားချိန် ၇၆ မိနစ်တွင် ကွင်းလယ်ကစားသမား ရန်ပိုင်စိုးက ချေပဂိုးသွင်းယူနိုင်ခဲ့သည်။

"နိုင်ပွဲလေးလည်း လိုချင်တာပါ။ အသင်းသားတွေလည်း ကြိုးစားကြပါတယ်။ အားလုံးညီညွတ်ကြပါတယ်။ ဥက္ကဋ္ဌကြီးရဲ့ မွေးနေ့လည်းဖြစ်တယ်။ ပထမပိုင်းကအားရမှုတော့သိပ်မရှိဘူး။ ရာသီဥတုကြောင့်ဖြစ်မယ်။ ဒုတိယပိုင်းက ရာသီဥတုကောင်းလို့ ပြန်ကစားနိုင်တဲ့သဘောရှိပါတယ် " ဟု ရှမ်းယူနိုက်တက်အသင်းမှ နည်းပြချုပ်ဖြစ်သူ ဦးအောင်နိုင်က မဇ္စိမသတင်းဌာနကိုပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံ ရန်ကုန်ယူနိုက်အသင်းနှင့် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်အသင်းတို့၏ ရာသီအဖွင့် ဖလားဖြစ်သည့် ချာရတီဖလား Charity Cup 2020 ပြိုင်ပွဲကို ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ရန်ကုန်ယူနိုက်အသင်း၏ အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲတစ်လျှောက် ရန်ကုန်အသင်းက သုံးကြိမ်၊ ရှမ်းယူနိုက်အသင်းက နှစ်ကြိမ် ဗိုလ်စွဲနိုင်ခဲ့သည်။ ချာရတီပြိုင်ပွဲတွင် ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်အသင်းတို့သည့် နောက်ဆုံး သုံးကြိမ်တွေ့ဆုံခဲ့ပြီး ပြီးခဲ့သည့် နှစ်ကြိမ်တွင် ပယ်နတီအဆုံးဖြတ်ခံယူခဲ့ကာ တစ်ကြိမ်စီ အနိုင်ရရှိခဲ့ကြောင်းသိရသည်။

၂၀၁၈ ရာသီတွင် ချာရတီဖလားကို ရန်ကုန်အသင်း ၂၀၁၉ ချာရတီဖလားကို ရှမ်းယူတိုက်အသင်းတို့က ရရှိထားပြီး ယခုအခါ ဗိုလ်စွဲခဲ့ခြင်းကြောင့် ရှမ်းယူနိုက်အသင်းအနေဖြင့် ရန်ကုန်အသင်း၏ ၃ကြိမ်ဗိုလ်ဆွဲခြင်းကို လိုက်မီနိုင်ခဲ့သည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly