UBP ပါတီက လာမည့် ရွေးကောက်ပွဲအတွင်း မဲဆန္ဒနယ်အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းအထိ အနိုင်ရရှိရန် မျှော်မှန်းထား

UBP ပါတီက လာမည့် ရွေးကောက်ပွဲအတွင်း မဲဆန္ဒနယ်အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းအထိ အနိုင်ရရှိရန် မျှော်မှန်းထား
ဓာတ်ပုံ - Union Betterment Party

ဇန်နဝါရီ ၃ ရက် ။                           ။  လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်  မဲဆန္ဒနယ်အားလုံး ၏  ၄၀ ရာခိုင်နှုန်း  ကနေ ၅၀ ရာခိုင်နှုန်းအထိ အနိုင်ရရန် မျော်မှန်း ထားကြောင်း   ပြည်သူ့ကောင်းကျိုးဆောင်ပါတီ ၊   ဥက္ကဋ္ဌ  သူရ ဦးရွှေမန်းက ပြောသည်။

လာမယ့်၂၀၂၀ရွေးကောက်ပွဲတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက  ဘယ်လောက်အတိုင်းအတာအထိအနိုင်ရရှိရန် မျော်လင့်ထားသလဲဆိုတာ မီဒီယာများက မေးမြန်းရာမှာ“  မိမိတို့အနေဖြင့် လက်ရှိ  ၂၀၂၀ ရွေးကောက်ပွဲမှာ ၄၀ ရာခိုင်နှုန်း  ၊   ၅၀ ရာခိုင်နှုန်း ရရှိနိုင်မယ်လို့ မျှော်လင့်ထားပါတယ် “  ဟု သူရ ဦးရွှေမန်းက ပြောသည်။

ဇန်နဝါရီလ ၃ ရက်နေ့  ၊ မြောက်ဥက္ကလာပမြို့နယ် ၊ မြို့တော်ခန်းမမှာ ပြုလုပ်သော  ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ( UBP) ရဲ. ရန်ကုန်တိုင်းဒေသကြီး  အရှေ့ပိုင်းခရိုင် ( ၁၄ ) မြို့နယ်ပါတီများ တွေ့ဆုံပွဲမှာ  သတင်းမီဒီယာ များနှင့်  တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

  လာမည့် ရွေးကောက်ပွဲတွင်   UBP ပါတီအနေဖြင့် အနိုင်ရရှိပါက  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး  မြန်မာနိုင်ငံနှင့် ဆီလျော်လိုက်ဖက်သည့်  ဖွဲ့စည်းပုံတစ်ရပ်ဖြစ်ပေါ်ရေးကို ကြိုးစားသွားမည်ဖြစ်ကြောင်း သူရရွှေမန်းက ပြောသည်။

“  ပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီးတော့  မြန်မာနိုင်ငံနဲ့ ဆီလျော်လိုက်ဖက်တဲ့ဖွဲ့စည်းပုံဥပဒေတစ်ရပ် ဖြစ်ပေါ်ရေးကို ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်   “ ဟု ၎င်း က  ဆိုသည်။  

ပါတီစတည်ထောင်သည့် ၈ လတာ ကာလအတွင်း ပါတီဝင်အင်အား  ငါးသိန်းခန့်ရှိနေပြီး လက်ရှိတွင်  ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကိုလည်း  စတင်နေပြီဖြစ်ကြောင်း သိရသည်။  

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ မြို့နယ်ပေါင်း  ၃၃၀  ကျော် ရှိသည့် အနက်   မြို့နယ် ၂၄၀ မှ ဝင်ရောက်ယှဉ်ပြိုင်သွားရန် ပြင်ဆင်ထားကြောင်း သိရသည်။

“   ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသားပါတီတွေကိုတော့ ဦးစားပေးမှာ ဖြစ်တယ်။  ကျွန်တော်တို့က ပြည်သူ့လွှတ်တော်နေရာပေါင်း  ၂၄၀ ဆိုတာ တစ်နိုင်ငံလုံးမှာ တစ်ကယ်တမ်းကျတော့ ပြည်သူ့လွှတ်တော်နေရာ ၃၃၀  ရှိပါတယ်။ အဲ့ဒီ ၃၃၀ နေရာမှ ကျန်တဲ့ တိုင်းရင်းသားတွေကို ဦးစားပေး တာဖြစ်တဲ့အတွက် ကျွန်တော်တို့ က ၂၄၀ လောက် ဝင်ပြိုင်မယ်  “  ဟု ပါတီအကြံပေးဖြစ်သူ ဦးခင်မောင်ရည်က ပြောသည်။

လက်ရှိတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်အနက် ၄၄ မြို့နယ်မှ မှာ ပါတီရုံးခွဲများ ဖွင့်လှစ်ထားကြောင်း သိရသည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required