ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေ သမ္မတ ဦးဝင်းမြင့် ကြည့်ရှု့အားပေး

ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေ သမ္မတ ဦးဝင်းမြင့် ကြည့်ရှု့အားပေး
(ဓာတ်ပုံ-အောင်ကိုဦး/မဇ္ဈိမ)

ဇန်နဝါရီ ၃ ။           ။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မန္တလေး ပြည်သူ့ဆေးရုံကြီး နှလုံးခွဲစိပ် ကုသဆောင်သို့ ဇန်နဝါရီ ၃ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်က လာရောက်ခဲ့သည်။

အဆိုပါ နှလုံးခွဲစိပ်ဆောင်သို့ တက်ရောက် ကုသနေသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေး အခြေအနေကို လာရောက် ကြည့်ရခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် မန္တလေးပြည်သူ့ဆေးရုံးကြီး နှလုံးခွဲစိပ်ကုသဆောင်တွင် ဇန်နဝါရီ ၂ ရက်နေ့ ညပိုင်းက တက်ရောက်ကုသလျက်ရှိရာ ယနေ့ (ဇန်နဝါရီ ၃ ရက်)တွင် ကျန်းမာရေး ပြန်လည် ကောင်းမွန်ပါကြောင်း ၎င်းကို ကုသပေးနေသည့် ဒေါက်တာအောင်ဆန်းဦးက ပြောသည်။

"ကောင်းပါတယ်ဗျ ဖျားတာပါ။ ရိုးရိုး အဖျားဝင်တာပါ၊ အဆုတ် အအေးပတ်တာမျိုးပါပဲ။ ဒါပါပဲ ကျန်တာတော့ ဘာမှ မရှိ ပါဘူး။ အများကြီး ကောင်းပါတယ်၊ ဒီနေ့ အဖျားလည်း ကျသွားပါပြီ၊ ကျန်းကျန်းမာမာ ရှိပါတယ်"ဟု ၎င်းက ပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါ ခံစားနရေသည့်အတွက် ထိုင်းနိုင်ငံမှာ  ဆေးကုသမှု သုံးကြိမ်ပြု လုပ်ထားရာ နောက်ထပ် နှစ်ကြိမ် ဆေးကုသမှု ပြုလုပ်ရန် ကျန်နေသေးကြောင်း၊ ထို ကျန်ရှိနေသေးသော ဆေးကုသ မှုအတွက် ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသမှု လုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေး အခြေအနေကြောင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်ကို အောက်တိုဘာလ ကတည်းက ခေတ္တ လွှဲပြောင်း တာဝန်ပေးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly