ဩစတြေးလျ တောမီးအန္တရာယ်ကြောင့် ကမ္ဘာလှည့်ခရီးသည်များအား ၄၈ နာရီအတွင်း ဘေးလွတ်ရာပြောင်းရွှေ့ရန် သတိပေး

ဩစတြေးလျ တောမီးအန္တရာယ်ကြောင့် ကမ္ဘာလှည့်ခရီးသည်များအား ၄၈ နာရီအတွင်း ဘေးလွတ်ရာပြောင်းရွှေ့ရန် သတိပေး

ဆစ်ဒနီ၊ ဇန်နဝါရီ  ၂ ။          ။  ဩစတြေးလျနိုင်ငံတွင် တောမီးများကိုအရှိန်ရစေမည့် အပူလှိုင်းများကို ရင်ဆိုင်နိုင်ရဖွယ်ရှိသည့်အတွက် ထောင်နှင့်ချီသည့် ကမ္ဘာလှည့်ခရီးသည်များအား မီးသင့်နေသည့် ကမ်းရိုးတန်းဒေသများမှ ၄၈ နာရီအတွင်း ဘေးကင်းရာသို့ ပြောင်းရွှေ့ကြရန် အာဏာပိုင်များက သတိပေးထားသည်။

နှစ်သစ်ကူးနေ့တွင် နိုင်ငံအရှေ့တောင်ပိုင်းတစ်ခွင်၌ ကြီးမားသည့် မီးတောက်မီးလျှံများလောင်ကျွမ်းနေခဲ့ပြီး  ပင်လယ်ကမ်းခြေမြို့များကို မီးပတ်လည်ဝိုင်းရံနေခဲ့သည့်အတွက် အနည်းဆုံး လူ ၈ ဦးသေဆုံးကာ အားလပ်ရက်ခရီးထွက်သူအများအပြား သောင်တင်လျက်ရှိသည်။

လာမည့် စနေနေ့ (ဇန်နဝါရီ ၄) တွင် လေပြင်းနှင့်အတူ အပူချိန်မှာ ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိရှိနိုင်မည်ဟု ခန့်မှန်းထားပြီး ထိုရက်မတိုင်ဘေးလွတ်ရာပြောင်းကြရန် ခရီးသည်များအား သတိပေးထားသည်။

“ဒေသပြင်ပကို  လူတွေပြောင်းရွှေ့တာ ကြုံဖူးသမျှထဲမှာ ဒါ အကြီးမားဆုံးပါပဲ။  မီးအရမ်းများတော့ ထိန်းချုပ်နိုင်တဲ့အင်အား မရှိပါဘူး။ လူတွေဆီ မရောက်အောင်ပဲ လုပ်နိုင်ပါတယ်” ဟု နယူးဆောက်ဝေးပို့ဆောင်ရေးဝန်ကြီး Andrew Constance ကပြောသည်။ ကယ်ဆယ်ရေးလုပ်ရန်နှင့် ပျက်စီးမှုများကို အကဲဖြတ်ရန် ရေတပ်သင်္ဘောများနှင့် စစ်လေယာဉ်များကို အရေးပေါ်ကူညီရေးအဖွဲ့များနှင့်အတူ တပ်ဖြန့်ချထားသည်။

တောမီးကြောင့် ယခုအချိန်ထိ အနည်းဆုံး လူ ၁၈ ဦးသေဆုံးပြီး လူနေအိမ် ၁၀၀၀ ကျော်ပျက်စီးကာ မြေဧက ၅ ဒဿမ ၅ သန်း လောင်ကျွမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required