"ကျနော် ကွင်းထဲမှာ မြင်တွေ့ချင်တဲ့ အရာအားလုံးကို ဒီကနေ့ည မြင်တွေ့ခဲ့တယ်။" - အာဆင်နယ်နည်းပြဘဝ ပထမဆုံးနိုင်ပွဲရယူခဲ့တဲ့ အာတီတာ

"ကျနော် ကွင်းထဲမှာ မြင်တွေ့ချင်တဲ့ အရာအားလုံးကို ဒီကနေ့ည မြင်တွေ့ခဲ့တယ်။" - အာဆင်နယ်နည်းပြဘဝ ပထမဆုံးနိုင်ပွဲရယူခဲ့တဲ့ အာတီတာ
Photos: EPA

ဂန်းနားတို့ဟာ အဲမရိတ်စ်ကွင်းမှာ ပထမပိုင်းစွမ်းဆောင်ရည်အပြည့်နဲ့ မန်ချက်စတာယူနိုတ်တက်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် အာတီတာကလည်း အာဆင်နယ်နည်းပြဘဝ ပထမဆုံးနိုင်ပွဲကို ရယူခဲ့ပါတယ်။

ပီပီနဲ့ ဆိုကရေးတစ်တို့က (၁၆)ပွဲမှာ ဒုတိယမြောက် နိုင်ပွဲရရှိဖို့အတွက် ဂိုးတွေသွင်းယူပေးခဲ့ပါတယ်။ ဒါက အာဆင်နယ်တို့အတွက် (၈၇)ရက်အကြာမှာ ပထမဆုံး အိမ်ကွင်းနိုင်တစ်ပွဲလည်းဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် အာတီတာရဲ့ အသင်းဟာ အဆင့် (၁၀)ကို တက်လာပြီး အဆင့် (၅)နေရာက ယူနိုက်တက်နဲ့ (၄)မှတ်အကွာမှာ ရပ်တည်နေပါတယ်။

အာတီတာက "ဒီကနေ့ပွဲက စွမ်းဆောင်ရည်ကို ကျနော် အရမ်းသဘောကျပါတယ်။ ရလဒ်ကိုတော့ ပိုပြီး ကျေနပ်မိပါတယ်။"လို့ သူ့ရဲ့ (၃)ပွဲမြောက် ကိုင်တွယ်တဲ့ပွဲအပြီးမှာ ပြောပါတယ်။ "ကျနော် ကွင်းထဲမှာ မြင်တွေ့ခဲ့ချင်တဲ့ အရာအားလုံးကို ဒီကနေ့ည မြင်တွေ့ခဲ့ရတယ်။"

တနင်္ဂနွေနေ့က ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ အာတီတာရဲ့ ပထမဆုံးအိမ်ကွင်းပွဲစဉ်မှာ (၁-၀)ဂိုးနဲ့ ဦးဆောင်ပြီးမှ ပွဲနှောင်းပိုင်းမှာ (၂-၁)ဂိုးနဲ့ ပြန်ပေးခဲ့ရပေမယ့် အဲဒီပွဲက အာဆင်နယ်အတွက် အားတက်စရာ လက္ခဏာတွေရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီတစ်ခါမှာတော့ အိမ်ရှင်အသင်းဟာ ပွဲကို ကျော်ဖြတ်ပြနိုင်ခဲ့ပေမယ့် စိတ်ပျက်စရာကောင်းတဲ့ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ကတော့ ထိပ်ဆုံး (၄)သင်းထဲ ရပ်တည်နိုင်မယ့် အခွင့်အရေးတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

"အခုအချိန်မှာ ကျနော်တို့ဟာ ပထမပိုင်းကစားတဲ့ အဆင့်တန်းမျိုးကို ဆက်လက်ထိန်းသိမ်းထားဖို့ နည်းနည်း အခက်တွေ့နေပါတယ်။"လို့ အာတီတာက ဆက်ပြောပါတယ်။

"ဒါက ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် သူတို့ပြသခဲ့တဲ့ ကြံ့ကြံ့ခံနိုင်မှုကိုတော့ ကျနော် တကယ်သဘောကျတယ်။ သူတို့နဲ့အတူတူ ခံစားရတာကို ကျနော် နှစ်သက်ပါတယ်။"

ယူနိုက်တက်ကတော့ တန်ပြန်တိုက်စစ်ဆင်နိုင်မယ့် အခွင့်အရေးနဲ့ အစောပိုင်းရှုံးနိမ့်ရာကနေ ပြန်လာဖို့ မတတ်နိုင်တဲ့အချိန်တွေမှာ ဒဏ်ရာကြောင့် ပေါ့ဂ်ဘာ မရှိတဲ့ ဆိုးလ်ရှားရဲ့အသင်းဟာ ဖန်တီးနိုင်စွမ်းမဲ့နေတယ်ဆိုတာ ထင်ရှားနေဆဲဖြစ်ပါတယ်။

"သူတို့ ပထမဂိုး သွင်းယူပြီးနောက်မှာ သူတို့ဟာ စွမ်းအားများများရနေသလိုပါပဲ။"လို့ ဆိုးလ်ရှားက ပြောပါတယ်။

"သူတို့ဟာ ပိုကောင်းတဲ့အသင်းပါ။ သူတို့က ကြမ်းကြမ်းတမ်းတမ်းနဲ့ လျင်လျင်မြန်မြန် ဘောလုံးလုသွားခဲ့ပြီး aggressive ဖြစ်တယ်။ ဘောလုံးကို ပြန်လည်ရယူတယ်။ သူတို့ဆီက ဘောလုံးကို ရယူဖို့ ခက်ခဲခဲ့ပါတယ်။"

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly