လီဗာပူးလ်ကြယ်ပွင့် မာနေးကို ဆက်သွယ်လိုက်တဲ့ ရီးယဲလ်မက်ဒရစ်

လီဗာပူးလ်ကြယ်ပွင့် မာနေးကို ဆက်သွယ်လိုက်တဲ့ ရီးယဲလ်မက်ဒရစ်

လော့စ်ဘလန်ကို့စ်တို့ဟာ ဒီနွေရာသီမှာ နာမည်ကြီးတိုက်စစ်မှူးတစ်ဦးကို ရှာနေတာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးလ်ကြယ်ပွင့် မာနေးရဲ့ ကိုယ်စားလှယ်တွေနဲ့ အပြောင်းအရွှေ့ကိစ္စအတွက် ဆက်သွယ်မှုပြုလုပ်ခဲ့တယ်လို့ Le10Sport အရ သိရပါတယ်။

လာမယ့်လများအတွင်း ဂါရတ်ဘေးလ်နဲ့ ဂျိမ်းစ်ရိုဒီရီဂွက်ဇ်တို့ဟာ မက်ဒရစ်ကနေ ထွက်ခွာသွားနိုင်တဲ့အတွက် လာလီဂါဘီလူးကြီးဟာ ဒီနွေရာသီအပြောင်းအရွှေ့စျေးကွင်မှာ နာမည်ကြီးတိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ဖို့ ရှာဖွေလှုပ်ရှားနေတာလည်းဖြစ်ပါတယ်။

ဘလန်ကို့စ်တို့ရဲ့ နည်းပြ ဇီဒန်းဟာ မာနေးကို ဘာနေဗျူးဆီ ခေါ်ယူလိုတဲ့ သူ့ရဲ့ဆန္ဒကို ဆီနီဂေါကြယ်ပွင့်ကစားသမားဆီ အကြောင်းကြားဖို့ တိုက်ရိုက်ဆက်သွယ်စကားပြောဆိုခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required