အီရတ်မှာ အ‌မေရိကန်နှင့်အီရန်တို့ ဝင်ရောက်စွက်ဖက်နေခြင်းကို ကျောင်းသားများ ကန့်ကွက်ဆန္ဒပြ

အီရတ်မှာ အ‌မေရိကန်နှင့်အီရန်တို့ ဝင်ရောက်စွက်ဖက်နေခြင်းကို ကျောင်းသားများ ကန့်ကွက်ဆန္ဒပြ

ဘာစရာ၊ ဒီဇင်ဘာ ၃၁။           ။ အီရတ်တွင် အီရန်ကျောထောက်နောက်ခံပြုထားသော စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့အား အမေရိကန်က လေ ကြောင်း စီးနင်းမှုပြုခဲ့ပြီးနောက် နိုင်ငံအတွင်း အမေရိကန်နှင့်အီရန်တို့၏ ဝင်ရောက် စွက်ဖက်မှုများကို ဆန့်ကျင် ကြောင်း အီရတ်တောင်ပိုင်း ဘာစရာမြို့တွင် ကျောင်းသားများက လမ်းများပေါ်ထွက်၍  ကန့်ကွက် ဆန္ဒပြကြ သည်။

အီရန် ကျောထောက် နောက်ခံပြုထားသော ဟာရှက်အယ်ရှာဘီ ပြည်သူ့စစ်တပ်ဖွဲ့ကို အမေရိကန်က ဒီဇင်ဘာ ၃၀ ရက်တွင် လေကြောင်းတိုက်ခိုက်မှု ဆင်နွှဲခဲ့ရာ ထိုပြည်သူ့စစ်တိုက်ခိုက်ရေးသမား ၂၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ထိုသို့ အီရတ်နိုင်ငံအတွင်း အမေရိကန်နှင့် အီရန်တို့ တင်းမာမှု မြင့်တက်ခြင်းက အီရတ်ပြည်သူများအတွက် စိတ်ဆိုးဒေါသထွက်စရာ ဖြစ်လာခဲ့သည်။

အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်နေသော အမေရိကန်ညွန့်ပေါင်းတပ်များ တပ်စွဲရာ အီရတ်ရှိ စစ်စခန်းတစ်ခု ဒုံးကျည် တိုက်ခိုက်ခံရပြီး နှစ်ရက်အကြာတွင် အမေရိကန်က လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ် လက်တုံ့ ပြန်ခဲ့သည်။

ဟာရှက်အယ်ရှာဘီအဖွဲ့၏ တည်နေရာများကို ပစ်မှတ်ထားသည့် အဆိုပါ လေကြောင်း ထိုးစစ်အတွင်း ၂၅ ဦး သေဆုံးကာ ၅၁ ဦး ဒဏ်ရာရခဲ့သည်။ ဒဏ်ရာရသူများတွင် စိုးရိမ်ရသူများ ရှိနေသဖြင့် သေဆုံးသူ ထပ်တိုး လာနိုင် ကြောင်း ထိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အမေရိကန် ပင်တဂွန်ကလည်း အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို အတည်ပြုပြီး အမေရိကန်ညွန့်ပေါင်းတပ်များကို တိုက်ခိုက်မှုများ နောက်မကျူးရဲအောင် ထိုးစစ်ဆင်ခြင်းအဖြစ် ထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required