ဘဝနဲ့ အောင်မြင်မှုအတွက် Richard Branson ရဲ့ စကား (၁၀)ခွန်း

ဘဝနဲ့ အောင်မြင်မှုအတွက် Richard Branson ရဲ့ စကား (၁၀)ခွန်း

Richard Branson ဆိုတာ အင်္ဂလန်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်နဲ့ ရင်းနှီးမြှုပ်နှံသူ တစ်ဦး ဖြစ်ပါတယ်။ သူ့ကို ခုအခါ ကုမ္ပဏီခွဲပေါင်း ၄၀၀ ကျော်ရှိနေပြီဖြစ်တဲ့ Virgin Group ရဲ့ တည်ထောင်သူ အဖြစ် လူသိများပါတယ်။ သူဟာ အသက် ၁၆ နှစ်ကစလို့ ခုချိန်ထိ စီးပွားရေး လုပ်ငန်းတွေကို လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။ ဘဝနဲ့ အောင်မြင်မှု အကြောင်းကို Richard Branson က ဒီလို ဆိုထားပါတယ်။

၁။ စည်းမျဉ်းတွေ နောက်ကလိုက်ဖို့ မသင်ယူပါနဲ့။ ကိုယ်တိုင်ပြုလုပ်ခြင်းနဲ့ ဆုံးရှုံးချင်းတွေဆီက သင်ကြား ရပါမယ်။

၂။ စီးပွားရေး အခွင့်အလမ်းတွေဟာ Bus ကားတွေလိုပဲ၊ အမြဲတမ်း တစ်ခုမဟုတ် တစ်ခုတော့ လာနေတာပဲ။

၃။ တစ်စုံတစ်ယောက်က အံသြဖို့ကောင်းတဲ့ အခွင့်အရေးတစ်ခု သင့်ကို ပေးလာတယ် ဆိုပါစို့။ ဒီအ ချိန်မှာ ဒါကိုသင်လုပ်နိုင် မလုပ်နိုင် မသေချာပေမယ့် လက်ခံသင့်ပါတယ်။ နောက်မှ ဒါကို ဘယ်လို လုပ်ရမယ်ဆိုတာ သင်ယူသင့်ပါတယ်။

၄။ စကားတွေကို နားထောင်ပါ။ ဒီအထဲက အကောင်းဆုံးတွေကို ယူပါ။ မလိုတာတွေကို ချန်ခဲ့ပါ။

၅။ စွန့်ဦးတီထွင်မှု စီးပွားရေး အခွင့်အလမ်းတွေဟာ လွတ်လပ်တဲ့ စိတ်ရှိတဲ့သူတွေကို မျက်နှာသာ ပေးပါတယ်။ ဒီလူတွေဟာ အကောင်းမြင် စိတ်နဲ့အတူ အနာဂါတ်ရဲ့ ဖြစ်နိုင်ခြေများအတွက် ဒီအခွင့် အလမ်းတွေကို ကောင်းကောင်း ထိန်းချုပ် နိုင်လို့ပါပဲ။

၆။ သင့်ရဲ့ အလုပ်ကို စိတ်ပါလက်ပါ လုပ်ပါ။ အလုပ်ကို တက်တက်ကြွကြွနဲ့ စိတ်ဝင်တစား လုပ်ခြင်း ဟာ သင့်အောင်မြင်မှုအတွက် ကူညီပေးပါလိမ့်မယ်။

၇။ အခွင့်အရေးဆိုတာ ပြင်ဆင်ထားတဲ့သူကို ပိုပြီး မျက်နှာသာ ပေးပါတယ်။ လက်တွေ့ များများ လုပ်ဆောင်ခြင်းဟာ သင့်ကို ကံကောင်းသူဖြစ် လာစေမှာပါ။

၈။ ဘယ်အရာကိုပဲသင်သင် အကောင်းဆုံး နည်းလမ်းက လက်တွေ့ ပြုလုပ်ခြင်းပါပဲ။

၉။ ဘယ်လို အကြောင်းကြောင့်ပဲ သင်လဲကျပါစေ ပြန်ထဖို့ ကြိုးစားပါ။ ဒီလိုအခြေအနေကို အကောင်း ဆုံး တုံပြန်ခြင်းဟာ သင့်ကို တိုးတက် လာစေပါလိမ့်မယ်။

၁၀။ ဘဝနဲ့ အလုပ်ကို လုပ်နိုင်ခြင်းဟာ ကြီးမားတဲ့ အရာတစ်ခုပါ။ အဲ့ဒီထက် ပိုကောင်းတာက သင့်အ တွက် မကပဲ အများအတွက်ပါ စိတ်ထက်သန်စွာ ဆောင်ရွက်ခြင်းပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required