ရွေးကောက်ပွဲဝင်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ

ရွေးကောက်ပွဲဝင်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ

မသန္တာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ

ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - အိမ်မဲမြို့နယ် ၊ ပြည်သူ့လွှတ်တော်

ရည်ရွယ်ချက်

အစ်မက ၁၉၈၈ ခုနှစ်ကတည်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ဖြစ်တယ်။ နောက် ၂၀၁၂ မှာ ပြန်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းတော့လည်း အစ်မထောင်က ထွက်လာတဲ့ အချိန်မှာ ပြန်ဝင်ခဲ့တယ်။ ပြန်ဝင် ပြီးပြီးချင်းပဲ ညီလာခံမှာ မြို့နယ်အလုပ်အမှုဆောင် သတင်းပြန်ကြား တာဝန်ခံအဖြစ် လုပ်တယ်။ ဆိုတော့ ပါတီဝင် သက်တမ်းဟာ ၂၇ နှစ် တိုင်ခဲ့ပြီ။ ငွေရတု ကျော်နေပြီ။ ပါတီနဲ့ အစ်မနဲ့က အစ်မရဲ့ မိခင်ပါတီ ဖြစ်နေပြီ။ ပါတီရဲ့ ရည်ရွယ်ချက် ပါတီစည်းမျဉ်း စည်းကမ်းတွေ ကို အစ်မ သဘောကျတယ်။ ဒါပေမယ့် အစ်မလုပ်ခဲ့တဲ့ အလုပ်တွေက အမျိုးသမီးအရေးတွေ ဘာတွေ ရှိတယ်။ တချို့တွေကျတော့ အစ်မကို ပါတီဝင်အနေနဲ့ မသိဘဲနဲ့ …… သိတဲ့သူက ပိုများတယ်ပေါ့နော်။ အမျိုးသမီးရေး လှုပ်ရှားတယ်။ အမျိုးသမီးတွေ နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံရတာတွေ ကာကွယ်တယ်။ နောက် အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်ပြီး လိုက်ပြီး လှည့်လည် ဟောပြော စည်းရုံးတာတွေ လည်း လုပ်တယ်။

ဒါပေမယ့် အစ်မရည်ရွယ်ချက်က ဘာလဲဆိုတော့ နိုင်ငံရေး အလှည့်အပြောင်းတစ်ခု ဥပဒေ ပြုပြင်ဖို့ နောက် အစ်မတို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုင်းရင်းသား အားလုံး အာမခံချက် ပေးနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ် ပေါ်ပေါက်ဖို့အတွက် လွှတ်တော်ထဲဝင်ပြီးတော့ လုပ်သင့် တယ်ဆိုတဲ့ အစ်မရဲ့ဆန္ဒ အစ်မရဲ့ ခံယူချက်ပဲ။ အဲ့ဒီအတွက် အစ်မ လွှတ်တော်ထဲကို ရောက်ရင် အဓိက အခြေခံဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ပြန်ပေါ်ပေါက်ဖို့အတွက် ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်က နံပါတ်တစ် အကြီးဆုံး ရည်ရွယ်ချက် ဖြစ်တယ်။

ရွေးချယ်ခံ အမတ်ဖြစ်ရင် ဘာလုပ်မလဲ

ပထမဦးဆုံး လုပ်မယ့်အရာကတော့ အစ်မတို့အားလုံး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ ဖွဲ့နိုင်ဖို့ မျှော်လင့်တယ်။ အစိုးရဖွဲ့နိုင်ပြီဆို အစ်မတို့ ပထမဆုံး လုပ်မယ့်အလုပ်က အစ်မတို့ရဲ့ မူဝါဒမှာ ပါပြီးသား တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို နံပါတ်တစ်ထားတယ်။ နံပါတ် ၂ က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် တိုင်းရင်းသားအားလုံးကို အာမခံချက်ပေးနိုင်တဲ့ ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ ပေထွန်းရေး ဘာဖြစ်လု့ိ တိုင်းရင်းသားအရေးကို ဦးစားပေးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ထွန်းရေးကို ဒုတိယထားလဲဆို တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရလို့ရှိရင် အားလုံး ဆွေးနွေး ညှိနှိုင်းပြီးတော့မှ အားလုံး လက်ခံ သဘောတူနိုင်တဲ့ အားလုံးကို အာမခံချက်ပေးနိုင်တဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းဖို့အတွက် အစ်မတို့ကိုယ်တိုင် ရေးဆွဲချင်တယ်။ အဲ့ဒီအတွက် အစ်မတို့ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးတယ်။ တစ်နည်းပြောရရင် နောက်ထပ် ပေါ်လာမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တိုင်းရင်းသားအားလုံးရဲ့ သဘောတူတဲ့ဟာ တိုင်းရင်းသားအားလုံးရဲ့ အသံ ပါစေချင်တယ်။

ဒေါ်ဇာခြည်လင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ

ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ် ၊ ပြည်သူ့လွှတ်တော်

ရည်ရွယ်ချက်

အစ်မတို့က ဒီနိုင်ငံရေးလောကကို အရင်ပေါ့နော်။ လူမှုရေးလုပ်ငန်းတွေကို အခြေခံတဲ့ အမျိုး သားနိုင်ငံရေး အသင်းကြီး အဖြစ်စပြီးတော့ ကျောင်းပြီးကတည်းကပေါ့နော် ဒီထဲမှာ တစိုက်မတ်မတ် ပါဝင်လာခဲ့တာ။ တစိုက်မတ် မတ်ပါဝင်လာခဲ့တာဆိုတာ အခြေခံဖြစ်တဲ့ လူမှုရေးလုပ်ငန်းတွေကို တစိုက်မတ်မတ် ဆောင်ရွက်ရင်းနဲ့မှ အစ်မတို့က တဆင့်ပြီးတဆင့် သာမန်အသင်းသား ဘဝကနေမှ ရပ်ကွက်အမှုဆောင် အဲ့ကနေမှ မြို့နယ်အလုပ်အမှုဆောင် အဲ့ကနေမှ ခရိုင်အလုပ်အမှုဆောင်ပေါ့။ ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲ့ ခရိုင်အလုပ်အမှုဆောင် တာဝန်ကို ဒီအသင်းကြီး ဘဝကတည်းက ဆောင်ရွက်ခဲ့တယ်။ အဲ့တော့ ပါတီအဖြစ် ပြောင်းလဲတဲ့အခါမှာလည်း အစ်မတို့က လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်ဖို့ ဆိုပြီးတော့ ပါတီဝင်အဖြစ်ပေါ့နော်။ ခရိုင်ကော်မတီဝင် အဖြစ်ကို ဆက်လက်ပြီးတော့ ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ အစ်မတို့ က ကိုယ့်ရဲ့ပါတီ တာဝန်တွေကိုပဲ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲမှာ တော့ ကိုယ့်မြို့နယ် ကိုယ့်ဒေသအတွက်ကို ဒီထက်ပိုပြီးတော့ ထဲထဲဝင်ဝင် ဆောင်ရွက်ချင်တဲ့အတွက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အစ်မက ကိုယ်စားလှယ်တစ်ယောက်အဖြစ် ဝင်ရောက် အရွေးချယ်ခံ လာတာပါ။

ရွေးချယ်ခံ အမတ်ဖြစ်ရင် ဘာလုပ်မလဲ

အဓိကက ဘာလဲဆိုတော့ ဌာနတစ်ခုနဲ့ တစ်ခုပေါ့နော်။ တစ်ဖွဲ့ကတော့ စိုက်သွားတယ်။ တစ်ဖွဲ့ကတော့ ခုတ်သွားတယ်ဆိုတော့ ဝန်ကြီးဌာနတစ်ခုနဲ့ တစ်ခုက ဥပဒေတွေ၊ နည်းဥပဒေတွေ အပိုင်းမှာ တစ်ခုနဲ့တစ်ခု လွဲနေတဲ့ဟာ တွေပေါ့နော်။

အဲ့တော့ ဆက်စပ် ညှိနှိုင်း ဆောင်ရွက်ရမယ့် အပိုင်းတွေ ရှိတယ်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီး တော့ လုပ်သွားမယ်။ ဆောင်ရွက်သွားမယ်။ နောက်တစ်ခုက ကိုယ်က အမျိုးသမီးတစ်ယောက်လည်း ဖြစ်တဲ့အခါကျတော့ အမျိုးသမီး အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက် ဆောင်ရွက် သွားမယ့် အပိုင်းတွေလည်း ရှိတယ်။ နောက်တစ်ခုက အစ်မတို့မြို့နယ်သည် အစ်မတို့မဲဆန္ဒနယ်သည် ဝန်ထမ်းအများစုရှိတဲ့ မဲဆန္ဒနယ် ဖြစ်တာနဲ့အမျှ ဒီဝန်ထမ်းတွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီ တဲ့ ဝန်ထမ်းဥပဒေတွေ ဒီဟာတွေကိုလည်း ဆက်လက်ပြီးတော့ ညှိနှိုင်း ဆောင်ရွက်သွားရမှာ ဖြစ်တယ်။ ပြုပြင်သွားရမှာ ဖြစ်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly