လူငယ်မဲဆန္ဒရှင်များအတွက် ရည်ရွယ်သည့် ရက်ပ်သီချင်းဗီဒီယိုတစ်ခု ထိုင်ဝမ်သမ္မတ ထုတ်ဖော်

လူငယ်မဲဆန္ဒရှင်များအတွက် ရည်ရွယ်သည့် ရက်ပ်သီချင်းဗီဒီယိုတစ်ခု ထိုင်ဝမ်သမ္မတ ထုတ်ဖော်

ဒီဇင်ဘာ ၃၀ ။        ။ လူငယ် မဲဆန္ဒရှင်များကို အထူးပစ်မှတ်ထားပြီး ဖန်တီးထားသော ရက်ပ် (rap) သီချင်းဗီဒီယိုတစ်ခုကို ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ထိုင်ဝမ်သမ္မတ ဆိုင်အမ်ဝမ်သည် လာမည့် ဇန်နဝါရီ ရွေးကောက်ပွဲအတွက် သူမ၏ မဲဆွယ်စည်းရုံးမှု တစိတ်တဒေသအဖြစ် အဆိုပါ ရက်ပ်သီချင်းဗီဒီယိုကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

ရက်ပ် ဂီတသမား Jutopi က အဓိက တင်ဆက်ထားပြီး “ဒီအစိုးရက အရာအားလုံးကို လုပ်ပေးနိုင်တယ်” ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါ ရက်ပ် သီချင်းသည် သမ္မတ ဆိုင်အင်ဝမ် အစိုးရလက်ထက် လုပ်ဆောင်အောင်မြင်ထားမှုများကို အထူးအမွှမ်းတင်ထားခြင်း ဖြစ်သည်။

သမ္မတ ဆိုင်အင်ဝမ် လက်ထက် အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ခြင်းမှစ၍ လိင်တူလက်ထပ်မှုကို ဥပဒေပြဌာန်းခွင့်ပြုခြင်းတို့အထိ ပါဝင်သော လုပ်ဆောင်ချက်များကို ယင်းသီချင်းဖြင့် ရည်ညွန်းထားသည်ဟု သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required