ဩစ‌တြေးလျတွင် တောမီးအရှိန်ပြင်းလာမှုကြောင့် ကမ္ဘာလှည့်ခရီးသည်များအား ဘေးလွတ်ရာပြောင်းရွှေ့ရန် သတိပေး

ဩစ‌တြေးလျတွင် တောမီးအရှိန်ပြင်းလာမှုကြောင့် ကမ္ဘာလှည့်ခရီးသည်များအား ဘေးလွတ်ရာပြောင်းရွှေ့ရန် သတိပေး

ဆစ်ဒနီ၊ ဒီဇင်ဘာ ၃၀ ။         ။ ဩစတြေးလျနိုင်ငံအရှေ့တောင်ပိုင်းတွင် အပူလှိုင်းများကြောင့် တောမီးများပြည်လည်အရှိန်ရလာသည့်အတွက် ဗစ်တိုးရီးယားပြည်နယ် ဂစ်ပ်လန်းဒေသရှိ ကမ္ဘာလှည့်ခရီးသည်များနှင့် မီးသတ်တပ်ဖွဲ့များအား ဘေးလွတ်ရာရွှေ့ပြောင်းကြရန် ယနေ့ ဒီဇင်ဘာ ၃၀ ၌ အာဏာပိုင်များက သတိပေးချက်ထုတ်ပြန်လိုက်သည်။

ရင်သပ်ရှုမောဖွယ်ရှုခင်းများဖြင့်လှပသည့် နိုင်ငံအရှေ့တောင်ပိုင်းတွင် ရောက်ရှိနေသည့် ကမ္ဘာလှည့်ခရီးသည် ၃၀ ၀၀၀ ခန့်ကို တာဝန်ရှိသူများက နေရပ်စွန့်ခွါရန် သတိပေးလိုက်ခြင်းဖြစ်သည်။ အရှေ့ ဂစ်ပ်လန်းကျေးလက်ဒေသတွင် တောမီးပေါင်း ဒါဇင်ခန့်လောင်ကျွမ်းလျက်ရှိပြီး ကီလိုမီတာ ၁၀၀၀ (မိုင် ၆၀၀) ခန့် ပိုနီးလာသောကြောင့် ရာနှင့်ချီသော မီးသတ်သမားများကို တပ်ပြန်ဆုတ်ခိုင်းထားရသည်။

“တောမီးလောင်နေတဲ့ဒေသတွေမှာ ဆက်နေနေမယ်ဆိုရင် သူတို့အတွက် အန္တရာယ်မကင်းနိုင်ပါဘူး၊ အခြေအနေက အရမ်းကိုဆိုးရွားတယ်၊  ညဘက် အပူချိန်သိသိသာမကျခင် နေ့ဘက်တွေမှာ မီးပိုပြင်းလာနိုင်တယ် “ ဟု ဂစ်ပ်လန်းဒေသ မီးလောင်မှုကြီးကြပ်ကွပ်ကဲရေးမှူး Ben Rankin က သတိပေးပြောကြားသည်။

ဩစတြေးလျတွင် တောမီးများကြောင့် လူ ၁၀ ဦးသေဆုံးခဲ့ပြီး အိမ် ၁၀၀၀ ကျော်ပျက်စီးခဲ့ကာ မြေဧကဟက်တာ သုံးသန်းကျော် လောင်ကျွမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required