အဝတ်အစား ဖက်ရှင်ရှိုးပွဲတစ်ခုတွင် ပါ၀င်ခဲ့သည့် မင်းသားချော ကင်မ်ဝူဘင်း

အဝတ်အစား ဖက်ရှင်ရှိုးပွဲတစ်ခုတွင် ပါ၀င်ခဲ့သည့် မင်းသားချော ကင်မ်ဝူဘင်း

အောက်တိုဘာ ၂၄၊ ဆိုးလ် ။         ။ ပရော်ဖက်ရှင်နယ် မော်ဒယ်လ်တစ်ဦးအဖြစ်မှ နိုင်ငံတကာ သရုပ်ဆောင်လိုင်းသို့ ကူးပြောင်းလာခဲ့သည့် ကိုရီးယား သရုပ်ဆောင်မင်းသား ကင်မ်ဝူဘင်း Kim Woo-bin သည် ၂၀၁၆ နွေဦးနှင့် နွေရာသီ အဝတ်အစား ဒီဇိုင်းဖန်တီးမှုဆိုင်ရာ ဖက်ရှင်ရှိုးပွဲ တစ်ခုတွင် ပါဝင်ခဲ့သည် ကို တွေ့ရှိရသည်။

 အဆိုပါ ဖက်ရှင် ရှိုးပွဲကို အောက်တိုဘာ ၂၃ ရက်က ဆိုးလ်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမျိုးအစားစုံလင်သည့် အဝတ်အထည်ဒီဇိုင်းများဝတ်ဆင်ပြသခဲ့သော ကင်မ်မှာ လျှောက်လမ်းထက်တွင် မိမိကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ဖြင့် သြဇာရှိသည့် ပုံပေါ်လွင်နေခဲ့သည်ကို တွေ့မြင်ခဲ့ရ သည်။ အမွှေးပွ သိုးမွေးထည်၊ ထူထဲသော လည်ပတ်ပုဝါပါ ဆွယ်တာအကျီ၊ အစင်းများပါဝင်သည့် ဘောင်းဘီတို့ဖြင့် ကင်မ်တစ်ယောက် ခန့်ညားနေခဲ့သည်။

လက်ရှိကာလတွင် မင်းသမီး ရှင်မင်အေးနှင့် ချစ်ကြိုက်နေသော ကင်မ်သည် မကြာသေးမီက KBS ဒရာမာကားတစ်ခုတွင်လည်း အဓိကသရုပ်ဆောင် မင်းသားတစ်ဦးအဖြစ် ပါဝင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required