အဲဗာတန်အသင်းဟာ အန်ဆယ်လော့တီကို အသင်းရဲ့ နည်းပြအဖြစ် (၄)နှစ်ခွဲစာချုပ်နဲ့ ခန့်အပ်လိုက်ပြီလို့ သိရပါတယ်။
အီတလီနည်းပြကြီးဟာ ဒီလအစောပိုင်းက နာပိုလီအသင်းရဲ့ ထုတ်ပယ်ခြင်းခံလိုက်တာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက် အဲဗာတန်အသင်းက ထုတ်ပယ်ခဲ့တဲ့ မာကို့ ဆေးဗားလ်ရဲ့ နည်းပြရာထူးကို ရယူခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဆုဖလား (၃)ကြိမ်ရ အန်ဆယ်လော့တီဟာ ချယ်လ်ဆီးအသင်းက ထုတ်ပယ်ခံရပြီး (၈)နှစ်ခွဲအကြာ အင်္ဂလိပ်ဘောလုံးလောကကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။
"အသင်းပိုင်ရှင်က အောင်မြင်မှု ရယူလိုတဲ့ အမြင်ရှိနေတာဆိုတာ သိသာပါတယ်။"လို့ သူက ပြောပါတယ်။