‘ကျနော် အဆင်သင့်ဖြစ်ပြီး အသင်းရဲ့ စွမ်းအားကို ပြောင်းလဲပစ်ရမယ်။’ - အာဆင်နယ်နည်းပြသစ် အာတီတာ

‘ကျနော် အဆင်သင့်ဖြစ်ပြီး အသင်းရဲ့ စွမ်းအားကို ပြောင်းလဲပစ်ရမယ်။’ - အာဆင်နယ်နည်းပြသစ် အာတီတာ
Photos: Arsenal & EPA

အာဆင်နယ်အသင်းနည်းပြ အာဆီတာက သူဟာ ၂၀၁၆ ခုနှစ်က ကစားသမားတစ်ယောက်အနေနဲ့ အနားယူပြီး အသင်းကနေ ထွက်ခွာပြီးနောက်ပိုင်း ကိုယ်ပိုင်ဟန် ပျောက်ဆုံးနေတဲ့ ဒီကလပ်အသင်းရဲ့  "စွမ်းအား"ကို သူ့အနေနဲ့ ပြောင်းလဲပစ်ရမယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။

အသက် (၃၇)နှစ်အရွယ် အာတီတာဟာ အာဆင်နယ်အသင်းနဲ့ (၃)နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပြီး နိုဝင်ဘာလက ရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ အူနိုင်း အမ်မရီရဲ့ နေရာကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

သူဟာ မန်ချက်စတာစီးတီးအသင်းမှာ လက်ထောက်နည်းပြတစ်ယောက်အဖြစ် ဆောင်ရွက်ခဲ့ပေမယ့် အသင်းကိုတော့ ကိုင်တွယ်ထားခြင်း မရှိသေးပါဘူး။

"ကျနော် ဒီကလပ်ကို အလွန်းပဲလေးစားမှုရှိပါတယ်။ ကျနော်သာ ဒီရာထူးကို ရယူဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ခံစားခဲ့မိရင် ပြင်ဆင်မှုတွေ ဆက်လုပ်ဦးမှာဖြစ်ပြီး ဒီနည်းပြထိုင်ခုံမှာလည်း ထိုင်မှာကို မဟုတ်ပါဘူး။"လို့ အာတီတာက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

"အာဆင်နယ်အသင်းက ထွက်သွားတဲ့နေ့ကတည်းက ကျနော့်အတွက် အိပ်မက်တစ်ခုကို အမြဲမက်ခဲ့တာပါ။ အဲ့တာကတော့ ငါအသင်းက ထွက်သွားပေမယ့် လေ့လာသင်ယူပြင်ဆင်ရင်း အဆင်သင့်ဖြစ်ပြီလို့ ခံစားရတဲ့ တစ်နေ့ ဒီနေရာကို ပြန်လာခဲ့မယ်ဆိုတာပါ။"

"ဒီစိန်ခေါ်မှုမျိုးကို ရင်ဆိုင်ဖို့အတွက် ကျနော် နှစ်အနည်းငယ် အချိန်ယူပြင်ဆင်ခဲ့တာပါ။ ကျနော်ဟာ ဒီကလပ်အသင်းရှိနေသင့်တဲ့ မျှော်လင့်ချက်တွေ၊ အဆင့်အတန်းနဲ့ ထိုက်တန်မှုရှိတဲ့ အရာတွေကို သိထားပါတယ်။ ဒီစိတ်ခေါ်မှုအတွက် ကျနော်ကတော့ အဆင်သင့်ပါပဲ။”

အာတီတာဟာ အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ဂန်းနားတို့နဲ့အတူ ကစားသမားဘဝ (၅)နှစ်အတွင်းမှာ အက်ဖ်အေဖလား (၂)လုံး ဆွတ်ခူးခဲ့ပါတယ်။

စပိန်လူမျိုးနည်းပြဟာ စနေနေ့မှာ အဲဗာတန်အသင်းနဲ့ ကစားမယ့် အဲဗာတန်နဲ့ပွဲမှာ အာဆင်နယ်အသင်းကို စတင်တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်စီးတီးကို အိမ်ကွင်းမှာ ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်မှာ အဆင့် (၁၀)နေရာမှာ ရပ်တည်နေပါတယ်။ အဲဒီပွဲစဉ်မှာ အာတီတာဟာ မန်းစီးတီးအသင်းနဲ့အတူ ရှိနေခဲ့ပါတယ်။

"ပထမဆုံး လုပ်ရမှာက အသင်းရဲ့ လုပ်နိုင်စွမ်းအားကို ပြောင်းလဲပစ်ဖို့ပါ။ ပြီးခဲ့တဲ့တပတ် မန်စီးတီးအသင်းနဲ့အတူ ကျနော် ဒီကို လာရောက်ခဲ့စဉ်က အာဆင်နယ်အသင်းအတွက် အနည်းငယ် စိတ်မကောင်းဖြစ်ခဲ့မိပါတယ်။ ကျနော်ဖြစ်စေချင်တာကတော့ အသင်းသားတိုင်းကို တူညီတဲ့ ခံယူချက်မျိုး ရှိစေချင်တာပါ။"လို့ အာတီတာက ပြောပါတယ်။

"အကောင်းဆုံးဖြစ်စေမယ့် ကစားဟန်ကို ကျနော်တို့ တည်ဆောက်သွားမှာပါ။ ကျနော့်ရဲ့ အလုပ်ကတော့ ကလပ်အသင်းမှာ ရှိတဲ့ လူတိုင်းရဲ့ လက်ခံယုံကြည်မှုကို ရယူနိုင်ဖို့ပါ။ ဒါဟာ ကျနော်တို့ ဘယ်လို ရပ်တည်ရှင်သန်သွားရမလဲဆိုတာပါပဲ။

"အခုအချိန်မှာ နိုင်ပွဲတွေ ရယူပြီး ယုံကြည်မှုအဆင့်ကို မြှင့်တင်ဖို့အတွက် ကျနော်တို့ဟာ ချက်ချင်း အကျိုးသက်ရောက်ဖို့ လိုအပ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုလည်း လိုပါတယ်။ ဒီကလပ်အသင်းကို ကျနော်တို့ ဘာတွေ ပေးဆပ်ချင်သလဲဆိုတာကို သိစေဖို့ ပရိသတ်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်ပြီး ကျနော်တို့ရဲ့ အပြုအမှုတွေကို သူတို့နဲ့ စိတ်ချင်းဆက်နွယ်နိုင်ဖို့ဖြစ်ပါတယ်။ ကျနော်တို့ ဒီအရာနှစ်ခုကို အတူတကွ ချိတ်ဆက်ထားဖို့ လိုတယ်။ ဒါက အလွန်အစွမ်းထက်တဲ့ အရာဖြစ်ပါတယ်။"

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly